DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက်  WFP ကအကူအညီစတင်ပေးအပ်  
DVB
·
August 27, 2024
ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက်  WFP ကအကူအညီစတင်ပေးအပ်  
1 / 4
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးထဲက  ရေဘေးသင့်ပြည်သူ ၃၅,၀၀၀ လောက်အတွက်  အရေးပေါ်ရေဘေးတုံ့ပြန်မှု အကူအညီတွေ စတင်ပေးအပ်လိုက်တဲ့အကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်းမှာ ရေလွှမ်းမိုးခြင်းခံရတဲ့နေရာတွေမှာ လူဦးရေ ၅၀၀,၀၀၀ လောက် နေထိုင်နေပြီး အဲဒီထဲက ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ ရေဘေးသင့်သူ လူဦးရေ ၃၅,၀၀၀ ခန့်ကို ဆန်နဲ့ အားဖြည့်ဘီစကစ်တွေ  ထောက်ပံ့သွားဖို့ စီစဉ်ထားတာလို့ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ရှီလာ မက်သရူးက “မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားကြတဲ့ ဧရာဝတီတိုင်း ဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတု ဖြစ် စဥ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတခုပါ။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေ လွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ် ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ထိခိုက်လွယ်သူတွေ၊ အထူးသဖြင့် တနိုင်တ ပိုင်လယ်ယာလုပ်ကိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီအကျိုး သက်ရောက်မှုဟာ ဧရာဝတီတိုင်း ဒေသကြီး တခုတည်းမှာ မဟုတ်ပဲ မြန်မာနိုင်ငံတဝန်းမှာပါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှု တွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒီထောက်ပံ့မှုတွေနဲ့အတွက် လတ်တလောအာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်ဖို့ မိခင်နဲ့ ကလေးတွေအတွက်ပါ   အာဟာရအထောက်အပံ့တွေကို တွဲဖက်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ရက်တွေထဲမှာ WFP အနေနဲ့ ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရေဘေးသင့်သူ လူဦးရေ ၃၅,၀၀၀ လောက်ကို ဆန်နဲ့ အားဖြည့်ဘီစကစ်တွေ ထောက်ပံ့သွားဖို့ စီစဥ်ထားသလို လတ်တလော အာဟာရချို့တဲ့မှုကို ကာကွယ် တားဆီးနိုင်ဖို့ မိခင်နဲ့ ကလေးတွေအတွက် အာဟာရအထောက်အပံ့တွေကိုပါ တွဲဖက်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ရေကြီး ရေလျှံမှု မတိုင်ခင်ကတည်းက ဧရာဝတီတိုင်းမှာ စုစုပေါင်း လူဦးရေရဲ့  လေးပုံတပုံလောက်ဖြစ်တဲ့  လူဦးရေ ၁ သန်းခွဲလောက်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့လည်း WFP ထုတ်ပြန် ချက်မှာ ဖာ်ပြပါတယ်။

WFP  မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကနဦးအစီရင်ခံစာတွေအရ ဧရာဝတီတိုင်းက လယ်မြေဧက သိန်းနဲ့ချီ ရေနစ်မြုပ်ခဲ့သလို အပြင်းထန်ဆုံး ထိခိုက်ခဲ့ရတဲ့ နေရာတွေမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ တကိုယ်ရေ သန့်ရှင်းရေး အကူအညီတွေလည်း အရေးပေါ် လို အပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ WFP က ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့က ရေဘေးသင့် လူဦးရေ ၁၃၀,၀၀၀ လောက်ကို အသက် ကယ်ဆယ်ရေးရိက္ခာအကူအညီတွေ ပေးအပ်ခဲ့ပြီးဖြစ်ကာ ရခိုင်ပြည်နယ်မှာလည်း လို အပ်ချက်တွေ လေ့လာဆန်းစစ်ပြီး အကူအညီပေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ထုတ် ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013