DVB Logo
Home
အားကစား
စတာလင်ကိုခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများ ကြိုးပမ်း
DVB
·
August 24, 2024
စတာလင်ကိုခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများ ကြိုးပမ်း
Donate to DVB

ချဲလ်ဆီးမှာအဆင်မပြေဖြစ်နေတဲ့ ရာဟင်းစတာလင်ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အသင်းတွေက ကြိုးပမ်းနေကြပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတောင်ပံကစားသမားဟောင်းဟာ အခုနှစ်ရာသီမှာ ချဲလ်ဆီးနည်းပြ မာရက်စ်ကာနဲ့ အဆင်မပြေဖြစ်နေပြီး လူစာရင်းကနေ ချန်လှပ် ခြင်းခံထားရသူပါ။

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လူစာရင်းကနေချန်လှပ်ခံခဲ့ရပြီးနောက်မှာ စတာလင်ရဲ့ အေးဂျင့်နဲ့ ချဲလ်ဆီးအသင်းတို့ကြား ပြဿနာကြီးမားလာခဲ့ပြီး အသင်းကနေ ထွက်ခွါဖို့ ဖြစ်လာခဲ့တာပါ။

စတာလင်ရဲ့အခြေအနေကို ပရီးမီးယားလိဂ်အသင်းတွေကစောင့်ကြည့်နေပြီး အက်စ်တန်ဗီလာ၊ ခရစ္စတယ်ပဲလေ့ အစရှိတဲ့အသင်းတွေက ခေါ်ယူလိုနေပါတယ်။

စတာလင်ဟာ မိသားစုနဲ့အတူ လန်ဒန်မှာအခြေကျနေပြီဖြစ်တာကြောင့် လန်ဒန်ကလပ်အသင်းတွေကို ဦးစားပေးရွေးချယ်နိုင် တယ်လို့ သိရပါတယ်။

စတာလင်ကိုခေါ်ယူဖို့ ဂျူဗင်တပ်အသင်းကလည်းချိတ်ဆက်နေသလို ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013