DVB Logo
Home
နိုင်ငံတကာ
ချင်းရိုင်းတွင် ရေကြီးပြီး  လူ ၃ ဦးသေဆုံး၊ အိမ်ထောင်စု ၅,၀၀၀ ကျော် ရေဘေးသင့်
DVB
·
August 23, 2024
ချင်းရိုင်းတွင် ရေကြီးပြီး  လူ ၃ ဦးသေဆုံး၊ အိမ်ထောင်စု ၅,၀၀၀ ကျော် ရေဘေးသင့်
1 / 4
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်မှာ ရက်သတ္တပတ်တွင်း ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၃ ယောက်ရှိပြီး အိမ်ထောင်စုပေါင်း ၅,၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့  Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ခရိုင်ထဲရှိ နမ့်အိန့်ချောင်းနဲ့ နမ့်ငေါဝ်းချောင်း‌ရေတွေ လျှံကျတာ တောင်ကျချောင်းရေတွေ ကျလာတာကြောင့် ရေကြီး‌ရေလျှံနေတာလို့ ဆိုပါတယ်။

ချင်းရိုင်းခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာန ထုတ်ပြန်ချက်အရ ဩဂုတ် ၁၆ မှ ၂၂ ရက်အတွင်း ချင်းရိုင်းခရိုင် မြို့နယ်ပေါင်း ၁၀ ခုက အုပ်စု ၂၂၁ စုရှိ အိမ်ထောင်စုပေါင်း ၅,၅၇၉ စု ရေဘေးသင့်ခဲ့တယ်၊ လယ်ယာစိုက်ခင်းပေါင်း ၁၂,၈၂၈ လိုက် (ဧက ၆,၅၀၀ နီးပါး) နဲ့ ငါးပုစွန်ကန်ပေါင်း ၆၈ ကန် ရေနစ်မြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူ ၃ ‌ယောက် သေဆုံးခဲ့တယ်။ ဩဂုတ် ၂၀ က ဒွိုင်လုံမြို့နယ်၊ ပုန်နွဲ့အုပ်စုရှိ အသက် ၇၇ နှစ်ရွယ် လူကြီးတယောက် ငါးသွားမျှားရင်း ရေထဲမျောပါသေဆုံးခဲ့တယ်၊ ဩဂုတ် ၁၇ က ထိန်းမြို့နယ် တပ်တောဝ်အုပ်စုရှိ အသက် ၃၉ နှစ်ရွယ် အမျိုးသမီးတယောက် ရေစီးနဲ့အတူ မျောပါသေဆုံးတယ်၊ ဩဂုတ် ၂၁ က ဝိန်းကဲန်မြို့နယ် ပေါ်အုပ်စုရှိ ပြောင်းဖူးခင်းထဲ ရေစီးနဲ့အတူပါလာတဲ့ အမည်မသိအလောင်းတလောင်း တွေ့ရှိတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၂၃ ရက် မနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၁၆ မှ ၂၃ ရက်အတွင်း ချင်းရိုင်း၊ ချင်းမိုင်၊ ဖယောဝ်း၊ နန့်၊ လမ်းပန်း၊ ဖရဲ့၊ ဖစ်ချ်ဘွန်း၊ ဥဒွန်းဌာနီ၊ လယောင်း၊ ဖူးကက် စတဲ့ ခရိုင် ၁၀ ခုအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ၅၉ မြို့နယ်၊ ၂၄၅ အုပ်စု၊ ၁,၄၁၃ ရပ်ကွက်/ကျေးရွာက အိမ်ထောင်စု ၃၀,၄၅၉ စု ရေဘေးသင့်ခဲ့တယ်၊ လက်ရှိ (၂၃ ရက်နေ့ထိ) ၆ ခရိုင် ၄၁ မြို့နယ်၊ ၁၇၇ အုပ်စု ၁,၀၂၃ ရပ်ကွက်/ကျေးရွာက အိမ်ထောင်စု ၂၁,၆၂၈ စု ရေဘေးသင့်နေဆဲပဲလို့ ဖော်ပြထားပါတယ်။

Source- Daily News / DDPM News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013