DVB Logo
Home
အားကစား
နည်းပြဆောက်ဂိတ် ဥရောပဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ်လေ့လာသူအဖြစ် တာဝန်ထမ်းမည်
DVB
·
August 23, 2024
နည်းပြဆောက်ဂိတ် ဥရောပဘောလုံးအဖွဲ့ချုပ်တွင် နည်းစနစ်လေ့လာသူအဖြစ် တာဝန်ထမ်းမည်
Donate to DVB

အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်မှာ နည်းစနစ်ပိုင်းဆိုင်ရာ လေ့လာသူအဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် ရက်သတ္တပတ် ၅ ပတ်အကြာမှာပဲ အလုပ်သစ်တခု ရရှိခဲ့တာပါ။

နည်းပြဆောက်ဂိတ်ဟာ ဥရောပတိုက်က နိုင်ငံအသင်းနဲ့ ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ လေ့လာသုံးသပ်မှုတွေ တင်ပြသွားရမှာပါ။

ဆောက်ဂိတ်နဲ့အတူ ဝက်စ်ဟမ်းနည်းပြဟောင်း ဒေးဗစ်မိုယက်စ်လည်း ပါဝင်ပြီး တခြားနည်းပြအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းတာဝန်ယူသွားရမှာ ဖြစ်ပါတယ်။

မနှစ်ကရာသီက UEFA ရဲ့ နည်းနစ်ပိုင်းဆိုင်ရာ လေ့လာသုံးသပ်တဲ့အဖွဲ့မှာ စပိန်နည်းပြ ဘင်နီတက်ဇ် အပါအဝင် အာဆင်နယ်လူငယ်နည်းပြ ဂျက်ဝဲလ်ရှိုင်းယား၊ အင်္ဂလန်ဂိုးသမား‌ေဟာင်း ဒေးဗစ်ဂျိမ်းစ်တို့လည်း ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013