
ပိုလန်အသင်းနည်းပြရာထူးအတွက် အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်က လျှောက်လွှာ တင်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
နည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၈ နှစ်ကြာ တာဝန်ယူခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သလို ယူရိုပြိုင်ပွဲမှာလည်း ၂ ကြိမ် ဆက်တိုက် ဗိုလ်လုပွဲတက်အောင်စွမ်းဆောင်နိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ နည်းပြဆောက်ဂိတ်ဟာ ပိုလန်အသင်းနည်းပြရာထူးအတွက် လျှောက်လွှာတင်ထားပြီး လာမယ့်ကမ္ဘာ့ဖလားမှာ အသင်းတသင်းကို တာဝန်ယူကိုင်တွယ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ပိုလန်အသင်းနည်းပြဖြစ်လာမယ်ဆိုရင် အင်္ဂလန်မှာရရှိခဲ့တဲ့ တနှစ်လုပ်ခပေါင် ၅ သန်းထက် ပိုမိုရရှိနိုင်တယ်လို့ သိရပါတယ်။
ပိုလန်နည်းပြရာထူးအတွက် ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေး အပါအဝင် ကားလိုစ်ကွီးရော့ဇ်၊ ရှာဖာ အစရှိသူတွေနဲ့လည်း သတင်းထွက်နေပါတယ်။
Photo:Reuters