DVB Logo
Home
အားကစား
ဂျာမနီဂိုးသမား နူအာ လက်ရွေးစင်အသင်းမှ အနားယူ
DVB
·
August 23, 2024
ဂျာမနီဂိုးသမား နူအာ လက်ရွေးစင်အသင်းမှ အနားယူ
Donate to DVB

ဂျာမနီဂိုးသမား နူအာက လက်ရွေးစင်အသင်းကနေ အနားယူပြီဖြစ်ကြောင်း ဩဂုတ် ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက ဂျာမနီအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ နူအာဟာ နိုင်ငံအတွက် ပွဲပေါင်း ၁၂၄ ပွဲ ကစားခဲ့သူဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေလက်အိတ်ဆုရခဲ့သူဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ နူအာဟာ ဂျာမနီအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ကစားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ယူရိုပြိုင်ပွဲ ၄ ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ နူအာကို အချိန်တိုင်းအတွက် အကောင်းဆုံး ဂိုးသမားတွေထဲက တဦးဖြစ်တယ်လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က ထုတ်ဖော် ချီးကျူးထားပါတယ်။

ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာပါ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ နူအာဟာ ၂၀၁၁ ကနေ ၂၀၂၀ အထိ ၁၀ စုနှစ်အတွင်း အကြီးကျယ်ဆုံးဂိုးသမားအဖြစ် IFFHS ရဲ့ မှတ်တမ်းတင်ခြင်း ခံထားရသူဖြစ်ပါတယ်။

ဒါ့အပြင် နူအာဟာ အီတလီဂိုးသမား ဘတ်ဖွန်၊ စပိန်ဂိုးသမား ကာဆီးလက်စ်တို့လိုမျိုး IFFHS မှာ ၅ ကြိမ်မြောက် အကောင်းဆုံးဂိုးသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

နူအာဟာ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်း တတိယနေရာမှာ ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး ဥရောပအကောင်းဆုံးဂိုးသမားဆုကို ၅ ကြိမ်ရထားပြီး စံချိန်တင်ထားသူ ဖြစ်ပါတယ်။

Source-Reuters

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013