DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် မျောက်ကျောက်ကူးစက်ခံရသူ အာဖရိကတိုက်မှ ပြန်လာသူဖြစ်
DVB
·
August 22, 2024
ထိုင်းတွင် မျောက်ကျောက်ကူးစက်ခံရသူ အာဖရိကတိုက်မှ ပြန်လာသူဖြစ်
Donate to DVB

ထိုင်းနိုင်ငံမှာ ဒီနှစ်အတွင်း  မျောက်ကျောက်ရောဂါ (Mpox- )ကူးစက်မှုကို ပြည်တွင်းမှာ ပထမဆုံး တွေ့ရှိခဲ့တယ်လို့  တာဝန်ရှိသူက အတည်ပြုပါတယ်။ 

ရောဂါကူးစက်ခံရသူဟာ အာဖရိကတိုက်ကနေ ထိုင်းကို ရောက်လာခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ဥရောပတိုက်သား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မျောက်ကျောက်ရောဂါရဲ့  ပိုမိုပြင်းထန်ပြီး ကူးစက်လွယ်တဲ့ ကလိတ်ဒ်-ဝမ်း (Clade 1) မျိုးကွဲ ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဆေးကုသပေးနေကြောင်း ဖော်ပြထားပါတယ်။ 

ထိုင်းရောဂါထိန်းချုပ်ရေးဌာနရဲ့  ညွှန်ကြားရေးမှူးချုပ်ကတော့ ဩဂုတ် ၁၄ ရက် “ညနေ ၆ နာရီမှာ သူ ဆိုက်ရောက်လာခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ၁၅ ရက်မှာ ဆရာဝန်ရှိရာဆီကို ဆေးရုံသွားပြခဲ့တယ်” လို့ မှတ်ချက်ပေးပါတယ်။

အဲဒီနောက် လူနာနဲ့ထိတွေ့ခဲ့သူ ၄၃ ဦးကို စောင့်ကြည့်နေသလို လာမယ့်သောကြာနေ့မှာလည်း စစ်ဆေးမှုရလဒ် ထွက်လာနိုင်ဖို့ အာဏာပိုင်တွေက မျှော်မှန်းထားပါတယ်။ 

ဒါ့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံတနိုင်ငံကနေ  တဆင့်ခံလေယာဉ် ပြောင်းစီးခဲ့တဲ့ ကာယကံရှင် အပါအဝင် ခရီးစဉ်ပါနိုင်ငံတွေရဲ့ အမည်ကို ညွှန်ကြားရေးမှူးချုပ်က အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ 

၂၀၂၂ ခုနှစ်ကစလို့ ထိုင်းနိုင်ငံမှာ Clade-2 မျိုးကွဲကူးစက်ပေါင်း ၈၀၀ ကျော်ကို တွေ့ရှိပြီးသား ဖြစ်ပေမဲ့ လက်ရှိအချိန်အထိ Clade 1 ဒါမှမဟုတ် Clade 1b တော့ မတွေ့ရသေးပါဘူး။ အာဖရိကတိုက်မှာလည်း မျောက်ကျောက် ရောဂါကူးစက်မှုပေါင်း ၁၇၀၀၀ ကျော်ရှိလာခဲ့ပြီး အဲဒီထဲက ၉၇ ရာခိုင်နှုန်းကို ကွန်ဂိုနိုင်ငံမှဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

ဆွီဒင် အပါအဝင် အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်တို့က Mpox ဗိုင်းရပ်စ်ကို တွေ့ရှိထားပြီး ဖြစ်ကြောင်း အတည်ပြုပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013