DVB Logo
Home
အားကစား
PFA အကောင်းဆုံး ကစားသမားဆု  ဖိုဒန်ရရှိ
DVB
·
August 22, 2024
PFA အကောင်းဆုံး ကစားသမားဆု  ဖိုဒန်ရရှိ
Donate to DVB

မန်စီးတီးကစားသမား ဖီးလ်ဖိုဒန်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးအဖွဲ့အစည်း (PFA) ကချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

PFA ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ချဲလ်ဆီး တောင်ပံကစားသမား ကိုးပါလ်မာက ရရှိခဲ့ပါတယ်။

အရေးပါတဲ့ ဒီဆု ၂ ဆုကို အင်္ဂလန်ကစားသမား ၂ ဦးက ရရှိခဲ့တာဖြစ်ပြီး ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဖိုဒန်ဟာ မန်စီးတီးအသင်းရဲ့ ၄ နှစ်ဆက်တိုက် ချန်ပီယံအောင်မြင်မှုမှာ အဓိကကျသူဖြစ်ပြီး ပွဲပေါင်း ၃၅ ပွဲ ကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဖိုဒန်ဟာ ပရီးမီးယားလိဂ်ဖလား ၆ လုံး ပိုင်ဆိုင်ထားတဲ့ အသက် အငယ်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖိုဒန်က ဒီဆုကို အသင်းဖော် ဟာလန်းနဲ့ ရိုဒရီတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။

အကောင်းဆုံး လူငယ်ကစားသမားဆုရခဲ့တဲ့ ပါလ်မာ ဟာလည်း ချဲလ်ဆီးအသင်းအတွက် ပထမဆုံးရာသီမှာတင် ၃၄ ပွဲကစား ၂၂ ဂိုး သွင်းယူနိုင်ပါတယ်။

ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားအများစုသာ ပါဝင်ခဲ့ကြပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013