
ဒီမနက်အစောပိုင်းမှာကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ မှာ မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ်အကွာကို ရောက်လာပါတယ်။
ရာသီကုန်နောက်ဆုံးနေ့အထိ အမှားမခံနိုင်အောင် အာဆင်နယ်ကို ဖိအားပေးသွားမယ်လို့ မန်စီးတီးကစားသမား ဖီးလ်ဖိုဒန်ကပြောတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြပါတယ်။
ဒီပွဲမှာ ၂ လကျော်အတွင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရတဲ့ ဖိုဒန်ဟာ ပထမပိုင်းမှာတင် အသင်းဖော် ဆမ်မန်ညို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးအပါအဝင် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
အသင်းမှာ နေရာပြန်ရဖို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားခဲ့ရပြီး ဆုဖလားတွေ အောင်မြင်ဖို့အတွက် ကစားသမားအားလုံးက ကိုယ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ရမယ်လို့ ဖိုဒန်က ပြောပါတယ်။










