DVB Logo
Home
နိုင်ငံတကာ
ဒီမိုကရက်သမ္မတလောင်း ဟားရစ်အတွက် အိုဘားမား ဇနီးမောင်နှံ မဲဆွယ်
DVB
·
August 21, 2024
ဒီမိုကရက်သမ္မတလောင်း ဟားရစ်အတွက် အိုဘားမား ဇနီးမောင်နှံ မဲဆွယ်
Donate to DVB

ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယမြောက်နေ့မှာ အမေရိကန် သမ္မတဟောင်း ဘားရတ်ခ် အိုဘားမားနဲ့ ဇနီးဖြစ်သူ မီရှယ်တို့ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

၄ ရက်တာ ကျင်းပသွားမယ့် ပါတီညီလာခံကို ဘားရတ်ခ်နဲ့ မီရှယ်တို့က တက်ရောက်ခဲ့ရာမှာ ထောက်ခံသူတွေအနေနဲ့ အကြီးအကျယ် အားပေးခဲ့ကြပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်ဖို့ ရှိနေတာကြောင့် ဒီမိုကရက်တွေကို စုစည်းမှုနဲ့အတူ မဲပေးကြဖို့အတွက် ဘားရတ်ခ်နဲ့ မီရှယ်တို့က တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရက်သမ္မတလောင်း ကမ်မလာဟားရစ်အတွက် လှိုက်လှဲစွာ ထောက်ခံကြောင်းနဲ့ အသင့်ရှိကြောင်း အပါအဝင် ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလီကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့်ပ် ကိုပါ သူတို့က ဝေဖန်ပြောဆိုခဲ့ပါတယ်။

ထရမ့်ပ်ဟာ လူမည်းတွေရဲ့ အလုပ်အကိုင်ကို ရွှေ့ပြောင်းအခြေချသူတွေက ခိုးယူနေတယ် ဆိုပြီး သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒအကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

ဒါကြောင့် မီရှယ်က သမ္မတနေရာဟာ “လူမည်းတွေရဲ့ အလုပ်သာ” ဖြစ်တယ်လို့ ထရမ့်ပ်ကို ထေ့ငေါ့ ပြောဆိုခဲ့ရာမှာ ပွဲကျသွားစေခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ ညီလာခံရဲ့ ပထမဆုံးနေ့မှာတော့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က “အမေရိကအတွက် အကောင်းဆုံးလုပ်ပေးခဲ့ပြီး” ဖြစ်ကြောင်း စိတ်ခံစားချက်တွေနဲ့အတူ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

စစ်တမ်းတွေအရ ဟားရစ်ဟာ ထရမ့်ပ်ထက် တနိုင်ငံလုံးအတိုင်းအတာနဲ့ နှာတဖျား သာနေပေမဲ့လည်း ပါတီနှစ်ခုစလုံးအတွက် မျှခြေရှိတဲ့ ပြည်နယ်တွေကသာ သမ္မတရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ချီကာဂိုမြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံး အပြင်ဘက်မှာလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေပြီး ပါလက်စတိုင်း ထောက်ခံသူတွေက ရဲတပ်ဖွဲ့ရှိရာဆီကို ချီတက်ခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013