DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် တရုတ်အမျိုးသမီးတဦးထံမှ တရားမဝင်အလှကုန်ပစ္စည်း ၄၀၀၀ နီးပါးဖမ်းမိ 
DVB
·
August 21, 2024
ဘန်ကောက်တွင် တရုတ်အမျိုးသမီးတဦးထံမှ တရားမဝင်အလှကုန်ပစ္စည်း ၄၀၀၀ နီးပါးဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ  ဩဂုတ် ၂၀ ရက်က တရုတ်နိုင်ငံသား အမျိုးသမီးတဦးဆီကနေ ဘတ် ၅ သောင်းကျော်တန်ဖိုးရှိ တရားမဝင်အလှကုန်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဘန်ကောက် လတ်ကရဘန်းနယ်မြေ ခလောင်းဆောင်တွန့်နွန့်ရပ်ကွက် မီးဆုခ်လဲန်းအိမ်ရာထဲမှာ တရားမဝင် အလှကုန်ပစ္စည်းတွေ သိုလှောင်ရောင်းချနေကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊  နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်‌ရေးရုံး စတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့  ရဲမှူးကြီး ဆန်တီ ကွန်းကဆဲမ်က ဩဂုတ် ၂၁ ရက် ဒီနေမနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါနေအိမ်ရှိ ဂို‌ဒေါင်ထဲကနေ bomd အမှတ်တံဆိပ် လက်သည်းဆိုးဆေးနဲ့ လက်သည်းဖျက်ဆေး ၆၆၂ ပုလင်း၊  two -moon  တံဆိပ် လက်သည်းဆိုးဆေးပုလင်း ၅၄၀၊  maxfine တံဆိပ် လက်သည်းဆိုးဆေးနဲ့ လက်သည်းဖျက်ဆေး ၈၉၂ ပုလင်း၊ cappuvini  တံဆိပ်နှုတ်ခမ်းနီအတောင့် ၂၂၀၊  sensory party တံဆိပ် နှုတ်ခမ်းနီ ၂၆၄ တောင့်၊  Hanju ရေမွှေး ၁၆၈ ပုလင်း  စုစုပေါင်း ကာလတန်ဖိုး ၅၁၈၇၆ ဘတ်ရှိ ပစ္စည်းအရေအတွက် ၃၈၅၈ ခု ဖမ်းဆီးရမိခဲ့ပါတယ်။ 

ပိုင်ရှင်ဖြစ်သူမှာ Miss DUAN ဆိုသူ တရုတ်နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူ အမျိုးသမီး ဖြစ်ပြီး  အဆိုပါပစ္စည်းတွေကို တရုတ်ပြည်မှ တင်သွင်းတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူမကို အကောက်ခွန်ဆိုင်ရာဥပဒေ၊ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်မထားတဲ့ အလှကုန်စ္စည်း ရောင်းချမှု၊ အစာနဲ့ဆေးဝါးဌာနက ထောက်ခံစာမရှိတဲ့ ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချမှုနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့မေလကလည်း ထိုင်းနိုင်ငံ နွန်ထပူရီမှာ ကမ္ဘာ့နာမည်ကြီးဘောလုံးအသင်း ကလပ်တွေပါ အားကစားအင်္ကျီအတု အထည်ပေါင်း ၂၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပါသေးတယ်။ 

ထိုင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မူပိုင်ခွင့်ကာကွယ်ရေးဌာန ကလည်း ဒီ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း (ဇန်နဝါရီ မှ ဇွန်လထိ) နာမည်ကြီး ဘရဲင်းတံဆိပ်ပစ္စည်းတုပမှု ၇၄၇ မှု နှိမ်နင်းခဲ့ပြီး အတုအပပစ္စည်းပေါင်း ၁,၇၂၃,၉၁၄ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကိုးကား - Khaosod News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013