DVB Logo
Home
အားကစား
ပြင်သစ်တိုက်စစ်မှူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရိုက်တန် ခေါ်ယူ
DVB
·
August 20, 2024
ပြင်သစ်တိုက်စစ်မှူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရိုက်တန် ခေါ်ယူ
Donate to DVB

ဘရိုက်တန်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး ဂျော်ဂျင်နီယို ရက်ဒါကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ 

အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူးဟာ ဘရိုက်တန်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ရက်ဒါဟာ နည်းစနစ်ပိုင်း ကောင်းမွန်ပြီး ခြေစွမ်းဆက်လက်တိုးတက်လာဖို့ လုပ်ဆောင်သွားမယ်လို့ နည်းနစ်ဒါရိုက်တာ ဒေးဗစ်ဝီယာက ပြောပါတယ်။  

အရပ် ၆ ပေရှိ ပြင်သစ် တိုက်စစ်မှူးဟာ ကစားသမားဘဝကို ပြင်သစ်ကလပ် ရင်းနက်စ်နဲ့ စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဂျာမန်ကလပ် ဟော့ဖမ်ဟိမ်အသင်းမှာ ၂ နှစ်ခွဲကြာ ကစားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ လိဒ်ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့ပြီး မနှစ်ကရာသီက ၈ ဂိုးသွင်းပြီး ၁၆ ကြိမ် ဂိုး ဖန်တီးနိုင်ခဲ့သူပါ။ 

ဘရိုက်တန်အသင်းကို အသက် ၃၁ နှစ်ရှိ နည်းပြ ဟာဇယ်လာက တာဝန်ယူနေပြီး ပရီးမီးယားလိဂ်ရဲ့ အသက်အငယ် ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013