DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ဂြိုဟ်တုအင်တာနက် တပ်ဆင်၊ နေရာအချို့တွင် ဖုန်းလိုင်းရ 
DVB
·
August 18, 2024
လားရှိုးတွင် ဂြိုဟ်တုအင်တာနက် တပ်ဆင်၊ နေရာအချို့တွင် ဖုန်းလိုင်းရ 
Donate to DVB

MNDAA ကိုးကန့်တပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့ နေရာတချို့မှာ ဩဂုတ်  ၁၇ ရက် ညနေပိုင်းကစပြီး Mytel ဖုန်းလိုင်းပြန်ရပြီ ဖြစ်ပြီး ဩဂုတ် ၁၁ ရက်ကစလို့ တချို့နေရာတွေမှာ MNDAA တပ်ဖွဲ့က ဂြိုဟ်တုအင်တာနက် တပ်ဆင်ပေးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံ အမျိုးသမီးတဦးက “လားရှိုးမှာ (ဩဂုတ်လ ၁၇ ရက်နေ့) ညနေလောက်က ဖုန်းလိုင်း ပြန်ရတာ။ Mytel ရတယ်။ တခြား ဘယ်ရပ်ကွက်တွေဘက်ရလဲ အတိအကျတော့ မသိသေးဘူး။ ရပ်ကွက် ၁၂ ဘက်နဲ့ မန်ဆူ မိုးလုံလေလုံဘက်တော့ရတယ်” လို့ ပြောပါတယ်။ 

လားရှိုးမြို့ မန်ဆူဘက် ကန်မိန်းကျောင်းကနေစပြီး မိုင်တဲဖုန်းလိုင်း ပြင်နေပြီဖြစ်လို့ မကြာခင် တမြို့လုံး မိုင်တဲဖုန်းလိုင်းတွေ ရလိမ့်မယ်လို့ ဆိုပါတယ်။ 

 ယာဉ်မောင်းတဦးက “ဒီနေ့ ညနေလောက်မှ ဖုန်းလိုင်းတွေ ရတာ။ မနေ့ကထိ မရသေးဘူး။ နေရာ အကုန် မရသေးဘူး။ ရတဲ့ နေရာပဲ ရတယ်” လို့ ပြောပါတယ်။ 

အင်တာနက်လည်း သုံးလို့ ရပေမဲ့ လိုင်းတော့ သိပ်မကောင်းသေးဘူးလို့ ဆိုပါတယ်။  ဒါ့အပြင် ဒေသခံပြည်သူတွေ ဆက်သွယ်ရေး အဆင်ပြေအောင် ဂြိုဟ်တု အင်တာနက်တွေ ထားပေးတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။ 

“ကိုးကန့်တွေ Star Link Wifi ကို ကားပေါ်တင်ပြီး လာထားပေးတယ်။ အရင်နေ့က တက္ကသိုလ် နားမှာ လာထားပေးတယ်။ ညနေ ၄ နာရီလောက်တော့ ပြန်ပိတ်သွားတယ်။” 

လားရှိုးမြို့တွင်း အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေနဲ့  နေရာတချို့တွေမှာ MNDAA က Star link ဂြိုဟ်တုအင်တာနက်တွေ လိုက်လံတပ်ဆင်ပေးနေပြီး လတ်တလော လားရှိုး တမြို့လုံး အင်တာနက်အသုံးပြုလို့ မရသေး‌ပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အမြန်ဆုံး အင်တာနက် ပြန်လည်ရရှိစေရန် လုပ်ဆောင်နေတယ်လို့ MNDAA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ဩဂုတ် ၁၁ ရက်က ‘အောင်’ ပုဂ္ဂလိကဆေးရုံ ဝန်းကျင်၊ မန်ဆူရှမ်းကျောင်း၊ ရပ်ကွက် ၅ အောင်မင်္ဂလာဈေးအနီးစတဲ့ နေရာတွေမှာ မနက် ၁၀ နာရီ ကနေ နေ့လယ် ၁၂ နာရီခွဲအထိ၊ မွန်းလွဲ ၂ နာရီ ကနေ ညနေ ၄ နာရီ အထိ မည်သူမဆို အခမဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်ကစလို့ လားရှိုး ရပ်ကွက် ၁၊ ပါရမီလမ်း၊ ‘ဝ’ ဆက်ဆံရေးရုံးမှာလည်း ဒေသခံ ပြည်သူတွေကို ဂြိုဟ်တု WIFI အခမဲ့ လာရောက်အသုံးပြုခွင့် ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013