DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်တွင် ပြင်းအား ၆ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်
DVB
·
August 16, 2024
ထိုင်ဝမ်တွင် ပြင်းအား ၆ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်
Donate to DVB

ထိုင်ဝမ်ကျွန်းရှိ ဧရိယာအကြီးဆုံး ကောင်တီဖြစ်တဲ့ ဟွာလျန်ကောင်တီ ရေပြင်မှာ ပေကျင်းစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်က ပြင်းအား ၆ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း တရုတ် ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရပါတယ်။

ငလျင်ဗဟိုချက်ကို မြောက်လတ္တီကျု ၂၃ ဒသမ ၇၄ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၁၂၁ ဒသမ ၉၅ ဒီဂရီမှာ စောင့်ကြည့်ခဲ့ပြီး ငလျင်ဟာ အနက် ၁၆ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ကြောင်း CENC က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်ပေရှိ ဒေသခံတွေ စက္ကန့်အတော်ကြာကြာ လှုပ်ခတ်သွားခဲ့တာကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရပါတယ်။ အသေအပျောက်သတင်းကိုတော့ အခုချိန်ထိ မကြားသိရသေးပါဘူး။

ထိုင်ဝမ်မိုးလေဝသဌာနကတော့ သောကြာနေ့က ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တခု ဟွာလျန်ခရိုင်ရုံးရဲ့ အရှေ့တောင်ဘက် ၃၄ ဒသမ ၂ ကီလိုမီတာ အကွာမှာ လှုပ်ခတ်သွားခဲ့ကြောင်း ပြောကြားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို ချက်ချင်းသတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

ဖူးကျိုး၊ ကျန်းကျိုး၊ ချန်ကျိုးနဲ့ ရှာ့မန်တို့ အပါအဝင် တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ်ရှိ မြို့အများအပြားမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။

မိုးလေဝသ တာဝန်ရှိသူတွေကတော့ လာမယ့်ရက်အနည်းငယ်အတွင်း ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဒီနေ့မနက်ပိုင်း ငလျင်ကြီး လှုပ်ပြီးကတည်းက ဟွာလျန်အနီးမှာ ငလျင်တဒါဇင်လောက် လှုပ်ခတ်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013