DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းကစပါးခင်းများ ရွှေခရုကျသဖြင့် စပါးဧကသောင်းချီ ပျက်စီးမည့်အခြေအနေ ဖြစ်နေ 
DVB
·
August 14, 2024
ဧရာဝတီတိုင်းကစပါးခင်းများ ရွှေခရုကျသဖြင့် စပါးဧကသောင်းချီ ပျက်စီးမည့်အခြေအနေ ဖြစ်နေ 
Donate to DVB

ဧရာဝတီတိုင်းမှာ မိုးစပါးခင်းတွထဲကို စပါးအပင်ဖျက် ရွှေခရုတွေကျရောက်နေတာကြောင့် စပါး ဧက ၂၀၀၀၀ ကျော် ပျက်စီးမဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

ဧရာဝတီတိုင်းက သာပေါင်း၊ ဝါးခယ်မ၊ ညောင်တုန်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြ ၊ မော်လမြိုင်ကျွန်း၊ ဘိုကေလး စတဲ့မြို့နယ်တွေကတောင်သူတွေ စိုက်ပျိုး ထားတဲ့ မိုးစပါး ခင်းတွေမှာ ရွှေခရုတွေ ရောက်နေတေကြောင့် ဧရာဝတီ တိုင်းတတိုင်းလုံးမှာ စပါး ဧက ၂၀၀၀၀ ကျော်ပျက်စီးမယ့် အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

“ရွှေခရုတွေက စပါးတွေကိုကိုက်ဖျက်ထားတာ။ အပင် ငုတ်ကလေးတွေပဲ ကျန်တော့တာ။ ဦးလေးရဲ့ လယ် ၆ ဧကလုံး ခရုတွေကျနေတာ။ ဒီအတိုင်းဆို ဘာမှပြန်ရဖို့ မရှိဘူး။ ဆေးဖြန်းတာလည်း ၂ ကြိမ်ရှိပြီ ရွှေခရုက ပျောက်သွားခဏပဲ။ စိုက်ပျိုး စရိတ်ရှိလို့ အစားထိုးပြန် စိုက်မယ်ဆိုလည်း အတော်နောက်ကျနေပြီ” လို့ သာပေါင်းမြို့နယ် တောင်သူ ၁ ယောက်က ပြောပါတယ်။ 

ဧရာဝတီတိုင်းက တောင်သူတွေဟာ အခုနှစ် မိုးသီးနှံစိုက်ပျိုးတဲ့ ရာသီမှာ စပါးစိုက်ပျိုးစရိတ်တွေ ကုန်ကျမှု များလွန်းတာကြောင့် မနည်းအရင်းရှာဖွေစိုက်ပျိုးခဲ့ရတာဖြစ်ပြီး အခုလို စပါးပင်ဖျက် ရွှေခရုတွေ ကျရောက်ဖျက်ဆီးတာကို ကာကွယ်နှိမ်နင်းဖို့ တောင်သူတွေအနေနဲ့ ငွေကြေးအလုံ အလောက်မသုံးစွဲနိုင်တဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။ 

ဒေးဒရဲဒေသခံတယောက်က “ရေကြီးပြီး ပြန်အကျတဲ့ အနေအထားမှာ ရွှေခရုကျတော့ တော်တော်လေးကို အထိနာတာပေါ့။ လတ်တလော ၂ ဧကလောက် ပျက်စီးနေပြီး။ ပိုးသတ်ဆေး၊ ခရုသတ်ဆေ‌ေတွေကလည်း မစွမ်းတော့ဘူး။ ဆေးဝယ်ဖို့လည်း စရိတ် မတတ်နိုင်တော့ တော်တော် ဖြေရှင်းဖို့ခက်တယ်။ ပိုဆိုးတာက ရွှေခရုက ဥချနှုန်းလည်းမြန်တယ်။ ဘာလုပ်ရမှန်းကို မသိတော့ဘူ” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့ တိုင်းတခုဖြစ်ပြီး စပါးစိုက်ပျိုးရေး လုပ်ငန်းကို အဓိကအများဆုံး စိုက်ပျိုးလုပ်ကိုင်ကာ အာဏာမသိမ်းခင်နှစ် တွေက မိုးစပါးဧက ၃ ဒသမ ၇ သန်း ကျော်နဲ့ နွေစပါး  ဧက ၁ ဒသမ ၄ သန်းကျော်ကို နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော်အတွင်း စပါးစိုက်ပျိုးရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ထုံးနဲ့ ဒီဇယ်ဈေးတွေ ၃ ဆကျော် မြင့်တက်လာလို့ လယ်သမားတွေဟာ အရင်လို ပိုးသတ်ဆေးနဲ့ပေါင်းသတ်ဆေးတွေကို မသုံးနိုင်တော့ဘူးလို့ တောင်သူတွေက ဆိုပါတယ်။ 

ဧရာဝတီတိုင်းမှာ မနှစ်က မိုးစပါးစိုက်ပျိုးရာသီမှာလည်း ရွှေခရုတွေ ကျရောက်လို့ တောင်သူတွေရဲ့ စပါးဧက ၅၀,၀၀၀ ကျော်လောက် လုံးဝပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013