DVB Logo
Home
မြန်မာသတင်း
အမ်းဒေသခံ ၁၆ ဦးကို  AA နှင့်ဆက်နွှယ်မှုဖြင့် ထောင်ဒဏ်ချ
DVB
·
August 14, 2024
အမ်းဒေသခံ ၁၆ ဦးကို  AA နှင့်ဆက်နွှယ်မှုဖြင့် ထောင်ဒဏ်ချ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူတဦးအပါအဝင် အစိုးရဝန်ထမ်း တချို့နဲ့ ဒေသခံတွေ စုစုပေါင်း ၁၆ ဦးကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ သြဂုတ် ၉ ရက်မှာ  ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ ပါတယ်။

လူမှုရေးတက်ကြွလှုပ်ရှားသူ မယွန်းသူသူအောင်၊ စီမံကိန်းဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရွှေမောင်၊ ပညာရေးဝန်ထမ်း တဦး၊ Mytel ဝန်ထမ်း တဦး အပါအဝင် ဒေသခံ ၁၆ ဦးကို ထောင်ဒဏ်ချခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“အဓိကတော့ AA နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် ချလိုက်တာ။ သူတို့ကို သြဂုတ် ၁၂ ရက်မှာရန်ကုန် အင်းစိန်ထောင်ကို လေကြောင်းနဲ့ပို့လိုက်တယ်လို့ သိရတယ်။”

အခုထောင်ဒဏ်ချမှတ်သူ ၁၆ ဦးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စတင်တဲ့ ရခိုင်စစ်ပွဲ ကာလအတွင်းမှာ အသီးသီး ဖမ်းဆီးခဲ့တာဖြစ်ပြီး အမ်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အမ်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ အာရက္ခတပ်တော် ရဲ့ဝန်းရံပိတ်ဆို့ တိုက်ခိုက်တာကို ခံနေရတာကြောင့် စစ်ကောင်စီက ကျဥ်းသားတွေကို ပြည်မဘက်ကို ရွှေ့တာ ဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

“အဓိကတော့ အမ်း နပခ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီက အမ်းမှာ လုံခြုံမှု မရှိတော့ဘူးဆိုပြီး  ပြည်မကို ချက်ချင်းပြောင်းတာဖြစ်တယ်။ ရခိုင်ပြည် အကျဉ်းထောင်က အကျဉ်းသားတွေကိုလည်း ပြောင်းရွှေ့မှုတွေလည်း ဖြစ်လာနိုင်တယ်။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က မတ်လကတည်းက တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ အကြီးဆုံးခံတပ်ဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လအတွင်းမှာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရခိုင်တိုက်ပွဲ ၉ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထားပြီး မောင်တော၊ သံတွဲကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသလို ကျန်ရှိနေသေးတဲ့ နပခ၊ ဒကစ၊ စကခ ၅ နဲ့ ဓညဝတီ ဌာနချုပ်တို့ကို ဝန်းရံပိတ်ဆို့ထားတယ်လို့ AA ဘက်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013