DVB Logo
Home
နိုင်ငံတကာ
ထိုင်းပြည်သူ့ပါတီ ရက်ပိုင်းအတွင်း အလှူငွေ ဘတ်သန်းပေါင်း ၂၀ ကျော်ရရှိ
DVB
·
August 12, 2024
ထိုင်းပြည်သူ့ပါတီ ရက်ပိုင်းအတွင်း အလှူငွေ ဘတ်သန်းပေါင်း ၂၀ ကျော်ရရှိ
Donate to DVB

ဘုရင့်နန်းတွင်းဆိုင်ရာဥပဒေ ပြုပြင်ဖို့ ကြိုးစားမှုနဲ့ ပါတီဖျက်သိမ်းခံခဲ့ရတဲ့ ထိုင်း Move Forward Party ဟာ People’s Party လို့ခေါ်တဲ့ ပြည်သူ့ပါတီသစ်ကို ပြန်ထူထောင်လိုက်ပြီးနောက် ရက်ပိုင်းအတွင်း အလှူငွေ ဘတ်သန်းပေါင်း ၂၀ ကျော် ရရှိခဲ့တယ်လို့ ပါတီခေါင်းဆောင်က ပြောပါတယ်။

Move Forward Party ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအခြေခံဥပဒေတရားရုံးက ဩဂုတ် ၇ ရက်မှာ ကြေညာလိုက်ပြီးနောက် ဩဂုတ် ၉ ရက်မှာ ပါတီသစ်တရပ် ဖွဲ့စည်းထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာပဲ ဘန်ကောက် စတေတီယမ်ဝမ်း အားကစားရုံရှေ့မှာ ပါတီမိတ်ဆက်ပွဲ၊ ပါတီအဖွဲ့ဝင်သစ် လျှောက်လွှာလက်ခံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပါတီမိတ်ဆက်ပွဲမှာ ပါတီဥက္ကဋ္ဌ နိုင်းထိန်း နာ့ဿ်ဖုန်းနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ကိုယ်တိုင် လာရောက်ဟောပြောစည်းရုံးပြီး ပါတီဝင်သစ်တွေကို ကြိုဆိုအားပေးခဲ့ပါတယ်။

သူတို့ဟာ ဒီ ဩဂုတ်လကုန်ထိ အဖွဲ့ဝင်ဦးရေ ၁ သိန်းနဲ့ အလှူငွေ/ရန်ပုံငွေ ဘတ် ၁၀ သိန်း ရရှိဖို့ ရည်မှန်းထားပေမဲ့ ၂ ရက်မပြည့်ခင် ၃၂ နာရီအတွင်းမှာ ဝက်ဘ်ဆိုက်ကနေတဆင့် ရရှိတဲ့ အလှူငွေတွေ အပါအဝင် ဘတ်သန်းပေါင်း ၂၀ ကျော် (၂၀,၀၅၁,၆၀၅ ဘတ်) ရရှိခဲ့ပြီး ပါတီဝင်အဖြစ် လျှောက်ထားသူ ၅၀,၀၀၀ ကျော် ရရှိတယ်လို့ ဆိုပါတယ်။

PP ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းထူထောင်ရာမှာ မူလ MFP ပါတီအနေနဲ့ လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးလုံးကလည်း ဘယ်သူမှ ပါတီဘက်ပြောင်းခြင်းမရှိဘဲ PP ပါတီထဲကို တညီတညွတ်တည်း ပြန်ဝင်ခဲ့ပါတယ်။

ဒီမတိုင်ခင် ရှေ့က MFP ပါတီအမတ်တွေအနေနဲ့ ပါတီဖျက်သိမ်းခံရလို့ တခြားပါတီဘက် ပြောင်းပါက တဦး ဘတ် သန်း ၂၀ မှ ၃၀ ထိ ပေးဝယ်မယ့်ပါတီတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

PP ပါတီဥက္ကဋ္ဌ ထိန်းနာ့ဿ်ဖုန်းက ငွေကြေးရန်ပုံငွေထည့်ဝင်တဲ့ ပြည်သူတွေအားလုံးကို ကျေးဇူးတင်စကား ပြောကြားပြီး ပါတီဝင်သစ်တွေကိုလည်း‌ လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ခုလို စည်စည်ကားကား ရောက်လာကြတာဟာ PP ပါတီဟာ ပြည်သူတွေရဲ့ပါတီ အစစ်အမှန်ဖြစ်ကြောင်း ပြသနေတာဖြစ်တယ်၊ ပါတီဝင် တသိန်းပြည့်ပေမဲ့လည်း အဖွဲ့ဝင်ခွင့် ကန့်သတ်မှာမဟုတ်ဘူး၊ များသထက်များအောင် လက်ခံမယ်၊ လာမယ့် ၂၀၂၇ ရွေးကောက်ပွဲမှာ PP ပါတီ တပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ ဦးတည်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

တချိန်တည်းမှာပဲ PP ပါတီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ထိုင်းမှာရှိခဲ့ဖူးတဲ့ နိုင်ငံရေးပါတီ (ပြည်သူ့ပါတီ) တခုရဲ့ အမည်ကို အသုံးပြုခဲ့ပြီး အဲဒီပါတီဟောင်းဟာ နိုင်ငံရေးပါတီ အဆင့်အတန်းမမီလို့ PP ပါတီဖျက်သိမ်းဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမယ့်အကြောင်း ဘုရင့်သစ္စာခံ Royallist ပါတီခေါင်းဆောင်တဦးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။

Source: Bangkokbiznews /CH 3 TV News / PPTV HD 36

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013