DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းက စစ်ကောင်စီတပ်ရင်းနှင့် တပ်စခန်း ၉ ခုအထိ MDY-PDF သိမ်းပိုက်ထား
DVB
·
August 12, 2024
သပိတ်ကျင်းက စစ်ကောင်စီတပ်ရင်းနှင့် တပ်စခန်း ၉ ခုအထိ MDY-PDF သိမ်းပိုက်ထား
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ရင်းနဲ့ တပ်စခန်း ၉ ခုအထိ သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဒီကနေ့ သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

MDY-PDF ရဲ့ စစ်ဆင်ရေးတာဝန်ခံတဦးက “ဒီမြို့နယ်မှာ အရင်ရက်ပိုင်းက စစ်တပ်စခန်းတွေ ၈ ခု သိမ်းပိုက်ထားနိုင်ခဲ့ပြီး နောက်ထပ် သိမ်းပိုက်နိုင်တဲ့ စစ်တပ်စခန်းဟာ ဇရပ်ကွင်းနယ်မြေရဲစခန်း ဖြစ်ပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။

အဆိုပါ ဇရပ်ကွင်းနယ်မြေရဲစခန်းကို မနေ့ ဩဂုတ် ၁၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

MDY-PDF တာဝန်ခံတဦးက “သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်အောင် သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ သေနတ်ကိုင်ပြီး တိုက်ရတဲ့တိုက်ပွဲ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း အထိုက်အလျောက် ပေးဆပ်ရမှုတွေ ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေဟာ သပိတ်ကျင်းမြိုနယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ကွင်း ၃၀ ကျေးရွာတပ်စခန်း၊ လက်ပံပြန့်ကျေးရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေကျေးရွာတပ်စခန်း၊ ဖက်ရှည်ကျေးရွာတပ်စခန်း၊ ခလရ ၁၄၈ တပ်စခန်း၊ ကျောက်ဖြူကျေးရွာတပ်စခန်း၊ လိပ်ကျကျေးရွာတပ်စခန်းနဲ့ ဇရပ်ကွင်းနယ်မြေရဲစခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013