DVB Logo
Home
အားကစား
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ အောင်မြင်စွာပိတ်သိမ်း (ဓာတ်ပုံ)
DVB
·
August 12, 2024
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ အောင်မြင်စွာပိတ်သိမ်း (ဓာတ်ပုံ)
1 / 13
Donate to DVB

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ပါရီအိုလံပစ်ပြိုင်ပွဲကြီးကို ဩဂုတ် ၁၁ ရက်မှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးရဲ့ ပိတ်ပွဲအခမ်းအနားမှာ နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် တွမ်ခရု(စ်)က စတက်ဒီဖရန့် အားကစားကွင်းကြီးရဲ့ ခေါင်မိုးပေါ်မှ ဆင်းသက်ကာ အိုလံပစ်အလံကို လက်ခံရယူခဲ့တာ တွေ့ရပါတယ်။

ဒါဟာ လာမယ့် ၂၀၂၈ အိုလံပစ်ပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က အိမ်ရှင်အဖြစ် ဆက်လက်တာဝန်ယူသွားဖို့ ရှိနေတာကြောင့် ဖြစ်ပါတယ်။

တချိန်တည်းမှာ ဂရမ်မီဆုရ R&B အဆိုတော် H.E.R ကလည်း Mission Impossible ဇာတ်ဝင်တေးသစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။

ဒီပိတ်ပွဲအခမ်းအနားအတွက် ပါရီမြို့တော်က အထင်ကနေရာတွေဖြစ်ကြတဲ့ အီဖယ်တာဝါနဲ့ ဗာဆိုင်းနန်းတော်ကိုပါ ထည့်သွင်းပြသခဲ့တာကြောင့် အားကစားသမားတွေအတွက်ရော ပွဲကြည့်ရှုသူတွေအတွက်ပါ စိတ်ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတုန်းက အခက်အခဲပေါင်းစုံနဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ ပရိသတ်မပါဝင်တဲ့ ကိုဗစ်ကာလကို ဖြတ်သန်းခဲ့ရပြီးနောက် ဒီတခေါက် ပါရီအိုလံပစ်ဟာ တဖန်ပြန်လည် အသက်ဝင်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လော့စ်အိန်ဂျလိစ် မြို့တော်ဝန် ကယ်ရန်ဘေ့စ် ကတော့ ပဲရစ်ဟာ မြင့်မားတဲ့ အဆင့်အတန်းတခုကို ချမှတ်နိုင်ခဲ့တယ်ဆိုပြီး အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

၁၉ ရက်ကြာ ကျင်းပခဲ့တဲ့ ပါရီအိုလံပစ်ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်ဆု-ပွဲစဉ်ပေါင်း ၃၂၉ ပွဲနဲ့ အားကစားသမားပေါင်း ၁၀,၅၀၀ ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပါရီအိုလံပစ်ရဲ့ နိုင်ငံအလိုက် ဆုရရှိမှုစာရင်းမှာ အမေရိကန်နဲ့ တရုတ်အသင်းတို့က ရွှေဆု ၄၀ စီကို အရယူနိုင်ခဲ့ပေမဲ့ ဆုအရေအတွက်အရ ကွာခြားမှုရှိခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်အသင်းဟာ ရွှေ ၄၀၊ ငွေ ၄၄၊ ကြေး ၄၄ နဲ့ စုစုပေါင်း ၁၂၆ ဆု ပိုင်ဆိုင်ကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တရုတ်အသင်းကတော့ ရွှေ ၄၀၊ ငွေ ၂၇၊ ကြေး ၂၄ နဲ့ စုစုပေါင်း ဆုတံဆိပ် ၉၁ ခုရရှိကာ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဂျပန်နဲ့ ဩစတြေးလျအသင်းတို့က အစဉ်လိုက်ရပ်တည်နေသလို အိမ်ရှင် ပြင်သစ်ကလည်း အဆင့် ၅ နေရာမှာ ရှိနေခဲ့ပါတယ်။

ဒီအားကစားနည်းမျိုးစုံကို ပြင်သစ်ပြည်မကြီးပေါ်​က နေရာတနံတလျားမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ရေလွှာလျှောစီးပြိုင်ပွဲကိုသာ တဟီတီကျွန်းမှာ ကျင်းပခဲ့ပါတယ်။

အခုလိုမျိုး ၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲကြီး တရားဝင်ပြီးဆုံးခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ်မြို့ဟာ ၂၀၂၈ ခုနှစ်အတွက် အိမ်ရှင်ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၆ ခုနှစ်မှာလည်း အီတလီနိုင်ငံ မီလန်မြို့က ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ရှိနေပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013