DVB Logo
Home
မြန်မာသတင်း
VPN တွေ့သဖြင့် ဖမ်းထားသူ ဖျာပုံဒေသခံ ၃ ဦးကို စစ်တပ်က ငွေ ၅ သိန်းတောင်းပြီး ပြန်လွှတ် 
DVB
·
August 11, 2024
VPN တွေ့သဖြင့် ဖမ်းထားသူ ဖျာပုံဒေသခံ ၃ ဦးကို စစ်တပ်က ငွေ ၅ သိန်းတောင်းပြီး ပြန်လွှတ် 
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ စစ်ကောင်စီတပ်က VPN အသုံးပြုလို့ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၃ ယောက်ကို တယောက်ငွေ ၅ သိန်းအထိ တောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်က ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးကာ ဖုန်းထဲမှာ VPN တွေ့ရှိတာကြောင့် အရပ်သားဒေသခံ ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီးနောက် သြဂုတ် ၁၀ ရက်မှာ လူတယောက်ကို ကျပ် ၅ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ 

အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးက တပ်ကို ငွေပေးရင် အဆင်ပြေတယ်ပေါ့ ပေးဖို့ ပြောတာ။ ငွေညှစ်ဖို့တခုပဲ သိတယ် စစ်ကောင်စီတပ်နဲ့ ရဲတွေက။ ပုံစံအမျိုးမျိုးနဲ့ စစ်ကောင်စီတပ်က ငွေညှစ်နေတာ။ အခုက တယောက်ကို ၅ သိန်းစီ တောင်းတာ။ ထောင်ချလို့ရတဲ့ ပြစ်မှုလို့ပြောပြီး ငွေတောင်းတာ။ VPN မသုံးဖို့ VPN က တရားမဝင်ဘူးပြောပြီး ငွေယူပြီး ပြန်လွှတ်ပေးတာ” လို့ ပြောပါတယ်။ 

ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေက ဖျာပုံမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ပြန်လွှတ်ပေးဖို့အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်ကောင်စီတပ်ကို ငွေပေးဖို့ ပြောဆိုတောင်းယူတာလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က ထောင်ကျလိမ့်မယ်လို့ ခြိမ်းခြောက်တော့ ဖမ်းခံရသူတွေက ထောင်ကျမခံနိုင်တော့ ကြောက်ပြီး တောင်းတဲ့ငွေအတိုင်း ပေးတာပေ့ါ။ ငွေပေးရတဲ့သူတွေထဲ မပြေလည်တဲ့သူတွေပါတယ်လေ။ ငွေပေးရတဲ့အကြောင်း အပြင်မှာ ထုတ်မပြောဖို့ စစ်ကောင်စီတပ်က တခါတည်း မှာလွှတ်လိုက်တာ” လို့ ပြောပါတယ်။ 

ဖျာပုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ ဒေသခံ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေကို အတင်းလုယူစစ်ဆေးပြီး VPN တွေ့လို့ ဖမ်းဆီးကာ ငွေညှစ်ခံရသူ ၉ ယောက်ထက်မနည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013