DVB Logo
Home
နိုင်ငံတကာ
အာဖရိကအကြီးဆုံးလေဆိပ်တည်ဆောက်ရန် အီသီယိုပီးယားလေကြောင်းလိုင်း စာချုပ်ချုပ်
DVB
·
August 10, 2024
အာဖရိကအကြီးဆုံးလေဆိပ်တည်ဆောက်ရန် အီသီယိုပီးယားလေကြောင်းလိုင်း စာချုပ်ချုပ်
Donate to DVB

အီသီယိုပီးယားလေကြောင်းလိုင်းဟာ အာဖရိကအကြီးဆုံး လေဆိပ်တည်ဆောက်ဖို့ သဘောတူစာချုပ် ချုပ် ဆိုခဲ့ပါတယ်။ 

ပြေးလမ်း ၄ ခုပါဝင်တဲ့ လေဆိပ်အသစ်ကြီးကို ၂၀၂၉ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

အီသီယိုပီးယားမြို့တော်နဲ့ ၂၈ မိုင်အကွာ ဘီရှောတူမြို့အနီးမှာ တည်ဆောက်မှာဖြစ်ပါတယ်။

ဒီလေဆိပ်ဟာ ၁ နှစ်ကို ခရီးသည်ပေါင်း သန်း ၁၀၀ ခရီးသွားနိုင်ဖို့ စွမ်းဆောင်ပေးနိုင်မှာဖြစ်ပြီး လေယာဉ်အစင်း ၂၇၀ ရပ်နားနိုင်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

လေဆိပ်အသစ်ကြီးကို ဒူဘိုင်းအခြေစိုက် အင်ဂျင်နီယာတွေက တည်ဆောက်မှာဖြစ်ပြီး ဆီဒီရာရဲ့ ဒီဇိုင်းနဲ့ ဖန်တီးမှာဖြစ်ပါတယ်။ 

အာဖရိကတိုက်ရဲ့ အကြီးဆုံးလေယာဉ်ကွင်း ဆောက်မယ်လို့ ၂၀၁၈ ခုနှစ်မှာ ပထမဆုံး ကြေညာခဲ့ပြီးနောက် ၅ နှစ်စီမံကိန်းနဲ့ လေဆိပ်သစ်ကြီး တည်ဆောက်မယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ 

လေဆိပ်သစ် တည်ဆောက်ဖို့ ဒေါ်လာ ၆ ဘီလီယံ အနည်းဆုံး ကုန်ကျမှာဖြစ်ပြီး ချေးငွေတွေ၊ ကုမ္ပဏီတွေရဲ့ အရင်းအနှီးထည့်ဝင်မှုတွေနဲ့ တည်ဆောက်မှာဖြစ်ပါတယ်။

အီသီယိုပီးယားလေကြောင်းလိုင်းဟာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ခရီးသည် ၁၇ သန်းကျော် ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး လာမယ့် ဘဏ္ဍာနှစ်မှာ သန်း ၂၀ အထိ တိုးမြှင့်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013