DVB Logo
Home
မြန်မာသတင်း
ဟိုပုံးနှင့် ရပ်စောက်က ရွာတချို့တွင် ညမထွက်ရကန့်သတ်ချက်ကြောင့် ဒေသခံများအခက်ကြုံ
DVB
·
August 10, 2024
ဟိုပုံးနှင့် ရပ်စောက်က ရွာတချို့တွင် ညမထွက်ရကန့်သတ်ချက်ကြောင့် ဒေသခံများအခက်ကြုံ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးနဲ့ ရပ်စောက်မြို့နယ်က ကျေးရွာတချို့မှာ လက်နက်ကိုင်တပ်တွေက ညမထွက်ရအမိန့်ထုတ်ထားလို့ ဒေသခံတွေ အခက်ခဲကြုံတွေ့နေကြရပါတယ်။

ဟိုပုံးမြို့နယ်က မိုင်းပျဉ်း၊ လဲသက်တိုက်နယ်က ကျေးရွာတွေနဲ့ ရပ်စောက်မြို့နယ်က အင်တော ကျောက်ဂူဘက်မှာ လှုပ်ရှားနေတဲ့ SSPP၊ UWSA တပ်တွေက ထုတ်တာဖြစ်ပြီး ညနေခင်း နေမဝင်ခင် ၄ နာရီကနေ မနက် ၈ နာရီအထိ အပြင်ထွက်ခွင့်မပေးတာကြောင့် ဒေသခံ တောင်သူတွေ အခက်ခဲဖြစ်နေကြတယ်လို့ ပြောပါတယ်။

ဒေသခံတယောက်က “သူတို့က တရက်ကို ၈ နာရီပဲ ရွာအပြင်ပေးထွက်တယ်။ သူတို့သတ်မှတ်တဲ့ အချိန်ထက်ပိုပြီး ခြံထဲရှိရင်လည်း  သူတို့က သေနတ်ဖောက်ပြီး ခြိမ်းခြောက်တယ်။ ဒုက္ခအရမ်းရောက်စေတယ်” လို့ ပြောပါတယ်။

ဇူလိုင်လကုန်ပိုင်းကစလို ကန့်သတ်တာဖြစ်ပြီး အခုလို ညမထွက်ရအချိန်သတ်မှတ်တာကို စာနဲ့ တရားဝင်ထုတ်ပြန်ထားတာမဟုတ်ဘဲ ရွာသူကြီး၊ ရွာဆော်တွေကတဆင့် ဆော်သြ ကြေညာခိုင်းတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ခုဆို ကြိုကြိုကြားကြားလည်း တိုက်ပွဲဖြစ်တယ်။ ဒေသခံတွေလည်း ကြောက်နေကြတယ်။ လက်နက်ကိုင်အဖွဲ့တွေလည်း အမျိုးသားတွေကို ချောဆွဲတာ မကြာခဏ ရှိနေတယ်” လို့ ပြောပါတယ်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းတိုက်နယ်အတွင်းက စမ်အော့၊ ကျည်တော်နဲ့ ဖာလဲ၊ ရပ်စောက်မြို့နယ်က အင်တော၊ ကျောက်ဂူ၊ အုံးကွဲ ရွာဘက်မှာ SSPP နဲ့ UWSA တပ်တွေ လှုပ်ရှားနေတာအပြင် စစ်ကောင်စီတပ်တွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013