DVB Logo
Home
မြန်မာသတင်း
မိုင်းလား NDAA ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်
DVB
·
August 9, 2024
မိုင်းလား NDAA ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်
Donate to DVB

 

 ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄)  NDAA မိုင်းလားအဖွဲ့ရဲ့  ဥက္ကဋ္ဌ  ဦးစိုင်းလင်း အသက် (၇၈ နှစ်) ဟာ  ဩဂုတ် ၈ ရက် မနက်က တရုတ်နိုင်ငံမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ NDAA ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က DVB ကို အတည်ပြုပြောပါတယ်။

“ဦးစိုင်းလင်း ကွယ်လွန်သွားပါပြီ။ အရင်က အဆုတ်ကင်ဆာနဲ့ တခြမ်းဖြတ်ထားတယ်။ နောင်အနှစ် ၂၀ ကျော်ကြာတော့ ရောဂါပြန်ပြင်းထန်လာတယ်။ ရုတ်တရက်ပေါ့ မတတ်နိုင်တော့ဘူး။”

ဦးစိုင်းလင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၈၁၅ စစ်ဒေသရဲ့ တပ်မှူးတဦးဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၉ ရက်မှာ ဗကပမှ ခွဲထွက်ကာ (အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) NDAA ကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းဇာတိ  ရှမ်းတိုင်းရင်းသားဖြစ်ပြီး    ဇနီးဖြစ်သူ ဒေါ်နန်းယဉ်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA တည်ထောင်သူ ဖုန်ကြားရှင်ရဲ့ သမီး ဖြစ်ပါ တယ်။ 

ဦးစိုင်းလင်းအပါအဝင် မိုင်းလားအဖွဲ့ NDAA ရဲ့ ခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ခေတ်ကတည်းက လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ခဲ့ကြတဲ့ တပ်မှူးတွေဖြစ်ပြီး အဲဒီအထဲက ဒုဥက္ကဋ္ဌတယောက် ဖြစ်တဲ့ ဦးထိန်လင်းဟာ  ဦးစိုင်းလင်းရဲ့သား ဖြစ်ပါတယ်။

မိုင်းလားအဖွဲ့ဟာ ‘ဝ’ တပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013