DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများနှင့်အတူရပ်တည်ဟု ၈၈၈၈ နှစ်ပတ်လည်နေ့ သံရုံးများထုတ်ပြန်
DVB
·
August 8, 2024
ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများနှင့်အတူရပ်တည်ဟု ၈၈၈၈ နှစ်ပတ်လည်နေ့ သံရုံးများထုတ်ပြန်
Donate to DVB

ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးကို ဂုဏ်ပြုတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံ သံရုံးတွေက ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၆ နှစ်ပြည့် အထိမ်းမှတ်ထုတ်ပြန်လိုက်ပါတယ်။ 

ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့မှာ ဥရောပသမဂ္ဂဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေသူအားလုံးကို ဂုဏ်ပြုတယ်လို့  မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ (အီးယူ) ရုံးက ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်နေပြီး ပြည်သူ၊ ပြည်သားတွေရဲ့ ပိုမိုကောင်းမွန်တောက်ပတဲ့ အနာဂတ်ရရှိရေး ရည်မှန်းချက်တွေအတွက်လည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

အလားတူ ယူကေအစိုးရကလည်း  ၁၉၈၈ ခုနှစ်တုန်းကလိုပဲ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူလူထုရဲ့ ရဲရင့်၊ ခိုင်မာ၊ ပြတ်သားတဲ့ စိတ်ဓာတ်ကို အစဥ်အားပေးထောက်ခံနေမယ်လို့  ယူကေသံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ တပါတီအာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက်  ပြည်သူလူထုတရပ်လုံး အုံကြွတောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီးဟာ ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ မြန်မာလူထုတွေက ဆက်လက် ရုန်းကန်တိုက်ပွဲဝင်နေကြဆဲဖြစ် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013