DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ်ထဲက ကျေးရွာများတွင် စစ်တပ်က ငွေကောက်ခံနေ
DVB
·
August 7, 2024
ကဝမြို့နယ်ထဲက ကျေးရွာများတွင် စစ်တပ်က ငွေကောက်ခံနေ
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်းက ရွာတွေမှာ စစ်တပ်က စစ်မှုမထမ်းချင်ရင် ငွေကြေးပေးရမယ်ဆိုတဲ့အတွက် ရွာလူကြီးတွေက အိမ်ထောင်စုတွေဆီကနေ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာအုပ်စုတွေခွဲပြီး လေးရွာတအုပ်စုကို သတ်မှတ်ထားတဲ့ ငွေပမာဏပြည့်အောင် ထည့်ပေးရတယ်လို့ ကဝမြို့နယ်အတွင်းက ကျေးရွာနေ ဒေသခံက DVB ကို ပြောပါတယ်။

ဒေသခံရွာသားတဦးက “ကဝထဲက ရွာတွေမှာ စစ်မှုထမ်းနဲ့ပတ်သက်ပြီး လေးရွာတပိုင်းကို ဘယ်လောက်ဆိုပြီး ကိုယ်တွေရွာပါတဲ့ လေးရွာတပိုင်းဆို သိန်း ၁၅၀ သတ်မှတ်ထားတယ်။ စစ်မှုမထမ်းချင်ရင် ထည့်ဆိုလို့ တအိမ်ထောင်ကို ၂၀,၀၀၀၊ ၃၀,၀၀၀ ထည့်ရတယ်။ တချို့ အိမ်ခြေနည်းရင် ၅၀,၀၀၀ လောက်ထိ ထည့်ရတယ်။ ကိုယ်တွေရွာကတော့ ဟိုရက်ကမှ ၂၀,၀၀၀ တောင်းလို့ ထည့်လိုက်ရတယ်။ တခြားအပိုင်ကရွာတွေဆို နှစ်ခေါက်ရှိပြီ ထည့်ရတာ” လို့ ပြောပါတယ်။

ငွေကြေးကောက်ခံခိုင်းတာဟာ စစ်တပ်က ကောက်ခိုင်းတာဖြစ်ပြီး စစ်မှုမထမ်းစေချင်ရင် ငွေကောက်ပေးရမယ်လို့ ပြောဆိုတဲ့အတွက် ကျေးရွာလူကြီးတွေက အိမ်ထောင်စုနဲ့ တွက်ချက်ပြီး ကောက်ခံပေးရတာဖြစ်တယ်လို့ သိရပါတယ်။

ရွာလူကြီးနဲ့ နီးစပ်သူတဦးက “စစ်မှုထမ်းကိစ္စလို့ပြောတယ်၊ ပထမတုန်းကတော့ မဲတွေဘာတွေနှိုက်ပြီး ခေါ်တာ၊ အခုကတော့ ပိုက်ဆံပဲကောက်တော့တယ်။ လေးရွာတပိုင်းကို ဘယ်လောက်လို့ သတ်မှတ်ပေးရင် အိမ်ခြေပေါ်လိုက်ပြီး ၅၀,၀၀၀၊ ၃၀,၀၀၀၊ ၂၀,၀၀၀ ကောက်ပေးရတယ်” လို့ ပြောပါတယ်။

အဆိုပါ ပဲခူးတိုင်း၊ ကဝမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ပြည်သူ့စစ်ထောက်ပံ့ကြေးဆိုပြီး အိမ်ထောင်စုအလိုက် ငွေကြေးကောက်ခံတာတွေနဲ့ ပြည်သူ့စစ်အတွက် လူအင်အား ဖြည့်တင်းခိုင်းတာတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013