DVB Logo
Home
မြန်မာသတင်း
အပတ်စဥ် ၂ နှင့် ၃ က သေနတ်ကျွမ်းကျင်သည့် တပ်သားသစ်များကို ရှေ့တန်းပို့
DVB
·
August 6, 2024
အပတ်စဥ် ၂ နှင့် ၃ က သေနတ်ကျွမ်းကျင်သည့် တပ်သားသစ်များကို ရှေ့တန်းပို့
Donate to DVB

စစ်မှုထမ်းအပတ်စဥ် ၂ နဲ့ ၃ က သေနတ်ပစ်ကျွမ်းကျင်တဲ့ တပ်သားသစ်တွေကို ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေကိုပို့ဖို့ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဦးအောင်အောင်က ဇူလိုင် ၅ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးအခြေစိုက် ကွန်ပျူတာနဲ့ နည်းပညာသင်တန်းကျောင်းမှာ သြဂု တ် ၅ ရက်ကပြုလုပ်တဲ့ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၄ သင်တန်းဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။

တကန(ဟိုပုံး)နဲ့နီးစပ်သူတဦးက “ရှမ်းတောင်နဲ့ရှမ်းအရှေ့မှာရှိတဲ့ သင်တန်းကျောင်းက တပ်သားသစ်တွေထဲက သေနတ်ပစ်ကျွမ်းကျင်သူတွေ ဆုရတဲ့သူတွေကို ရပခ၊ ရလခ နဲ့ တြိဂံတိုင်းကို တာဝန်ပေးဖို့ ကျောင်းကတာဝန်ရှိတဲ့ သူတွေကို ပြောတာ၊ အပတ်စဥ် ၁ ဆုရကျောင်းသားတွေတော့ ရှမ်းမြောက်မှာ သေကုန်ပြီ” လို့ DVB ကို ပြောပါတယ်။

စစ်မှုထမ်းသင်တန်းမှာ ၃ လတာသင်ကြားရပြီး တလမှာ စာတွေ့ဖြစ်ပြီး ကျန် ၂ လမှာ တိုက်ခိုက် ရေးနဲ့ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှု သင်ကြားပေးတာဖြစ်လို့ တိုက်ပွဲဝင် အဆင့်ကို မရောက်သေးဘူးလို့ အငြိမ်းစားစစ်မှုထမ်းဟောင်းတယောက်က ဝေဖန်ပါတယ်။

“အခုဟာက မြို့ရွာလုံခြုံရေးအတွက်မဟုတ်ဘဲ စစ်ရေးအတွက် ရှေ့တန်းပို့ဖို့ လူငယ်တွေ သေခိုင်း သလိုဖြစ်နေတယ်။ ပစ်ခတ်မှုသင်တန်းက တလကျော်လောက်နဲ့ တိုက်ပွဲဝင်အဆင့်ကိုမရောက် သေးဘူး၊ အတွေ့အကြုံလည်းမရှိသေးဘူး။ အခု သင်တန်းဆင်း၊ အခုရှေ့တန်းပို့တာ မလုပ်သင့်ဘူး၊ သားသမီးချင်း ကိုယ်ချင်းစာရင်ပေါ့။” 

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်က စစ်မှုထမ်းအပတ်စဥ် ၁ ကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ် သင်တန်းကျောင်း ၁၇ ကျောင်းမှာ သင်တန်းဆင်းခဲ့ပြီး ရှမ်း​မြောက်နဲ့ရခိုင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာကို ပို့ခဲ့လို့ သေဆုံးခဲ့ရတဲ့ တပ်သားသစ်တွေလည်း ရှိပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေစစ်မှုမထမ်းမနေရ အမိန့်ကို ပြန်အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စပြီးခေါ်ခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013