DVB Logo
Home
နိုင်ငံတကာ
ဒီမိုကရက်သမ္မတလောင်းအဖြစ် ဟားရစ်ကို တရားဝင် ရွေးချယ်
DVB
·
August 3, 2024
ဒီမိုကရက်သမ္မတလောင်းအဖြစ် ဟားရစ်ကို တရားဝင် ရွေးချယ်
Donate to DVB

အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ်ဟာ ပါတီကိုယ်စားလှယ်များရဲ့ မဲပေးမှုအရ ဒီမိုကရက်တစ် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရားဝင် ရွေးချယ်ခံခဲ့ရပါတယ်။

ဟားရစ်ဟာ အမေရိကန်ပါတီ တခုက သမ္မတယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တဲ့ ပထမဆုံးလူမဲနဲ့ တောင်အာရှအမျိုးသမီး ဖြစ်လာပါတယ်။ 

လာမယ့်နိုဝင်ဘာလမှာ ဟားရစ် အနိုင်ရပါက အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက သမ္မတဂျိုးဘိုင်ဒန်ရဲ့ အခြေအနေတွေကြောင့် ဟားရစ်ကို ဒုသမ္မတအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး သူ့ကို ကန့်ကွက်တာမျိုး မရှိခဲ့သလို ထောက်ခံမှုတွေ မြန်မြန်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အလားအလာကောင်းတဲ့ ပြိုင်ဘက်တွေကလည်း ဟားရစ်ရဲ့ ဦးဆောင်မှုကို လိုက်နာ ကြတာတွေ့ရပါတယ်။ 

ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ၂၃၅၀ ခု ရခဲ့လို့ ဟားရစ်ဟာ တရားဝင်သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ ရက် ၉၀ အလိုမှာ ပါတီတွေက သမ္မလောင်း အမည်စာရင်းကို ရွေးချယ်ရတာဖြစ်ပါတယ်။ 

ဒါမှသာ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် လျှိုဝှက်မဲပေးတဲ့ပုံစံတွေကို အိုဟိုင်းယိုးမှာ ကြိုတင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

အသက် ၅၉ နှစ်အရွယ်ရှိ ဟားရစ်ဟာ ကယ်လီဖိုးနီးယားရှိ အော့ကလန်မှာ မွေးဖွားတာဖြစ်ပြီး နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အနောက်ပိုင်းပြည်နယ်က သမ္မတလောင်းအဖြစ် တင်သွင်းခံရမှု ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013