DVB Logo
Home
အားကစား
မန်ယူကစားသမားဟောင်း နာနီ မွေးရပ်မြေကလပ် အမာဒိုရာဆီ ပြန်လည်ပြောင်းရွှေ့
DVB
·
August 3, 2024
မန်ယူကစားသမားဟောင်း နာနီ မွေးရပ်မြေကလပ် အမာဒိုရာဆီ ပြန်လည်ပြောင်းရွှေ့
Donate to DVB

မန်ယူကစားသမားဟောင်း နာနီဟာ မွေးရပ်မြေကလပ် အက်စ်ထရီလာ အမာဒိုရာ အသင်းဆီ ပြောင်းရွှေ့သွားပါတယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟောင်းဟာ မနှစ်ကရာသီက တူရကီကလပ် ဒီမာစပေါ်မှာ တရာသီကစားခဲ့ပြီး ၄ ဂိုးသွင်းခဲ့ပါတယ်။

အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့နောက်မှာ မွေးရပ်မြေကလပ် အမာဒိုရာဆီပြန်လည် ပြောင်းရွှေ့ လာခဲ့တာပါ။ 

နာနီဟာ အမာဒိုရာမြို့မှာ ကြီးပြင်းခဲ့သူဖြစ်လို့ သူ့အတွက် ထူးခြားတဲ့ မြို့ဖြစ်ပြီး မြို့ရဲ့ ဂုဏ်ဆောင်ကစားသမားကို ပြန်လည်ခေါ်ယူနိုင်ခဲ့တာဖြစ်ကြောင်း ပေါ်တူဂီကလပ်အမာဒိုရာ အသင်းက ကြေညာပါတယ်။

နာနီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပို့တင်းနဲ့စတင်ခဲ့ပြီ ၂၀၀၇ ခုနှစ်မှာ မန်ယူအသင်းဆီ ပြောင်းရွှေ့ကာ ၇ နှစ်ကြာကစားခဲ့ပြီးအောင်မြင်မှုတွေ ရယူနိုင်ခဲ့သူပါ။ 

အဲဒီနောက် စပို့တင်းဆီပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယို၊ အော်လန်ဒို၊ ဗင်နီဇီယာ၊ မဲလ်ဘုန်း အသင်းတွေမှာလည်း ကစားခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013