DVB Logo
Home
နိုင်ငံတကာ
တရုတ်မီဒီယာအုပ်စုက ဘန်ကောက်တွင် ဆွေးနွေးပွဲကျင်းပ
DVB
·
August 2, 2024
တရုတ်မီဒီယာအုပ်စုက ဘန်ကောက်တွင် ဆွေးနွေးပွဲကျင်းပ
Donate to DVB

တရုတ်မီဒီယာအုပ်စု (CMG) ဟာ ဇူလိုင် ၃၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ကျင်းပခဲ့ပါတယ်။

ဒီပွဲဟာ “ခေတ်သစ်မှာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် နက်ရှိုင်းလာတဲ့ ကမ္ဘာလုံး ဆိုင်ရာ အခွင့်အလမ်းများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲတွေရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ထိုင်းနိုင်ငံကတတ်သိပညာရှင်တွေ မီဒီယာနဲ့ တက္ကသိုလ်တွေက ပညာရှင် ၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

တရုတ်နဲ့တခြားကမ္ဘာ့နိုင်ငံတွေကြား အပြန်အလှန် ဖလှယ်မှု၊ ဆွေးနွေးပွဲတွေနဲ့ အပြန်အလှန်သင်ယူမှုတွေအတွက် ပေါင်းကူးတံတားနဲ့ နှောင်ကြိုးကို CMG က တက်တက်ကြွကြွ တည်ဆောက် နေတာပါ။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနဲ့ CMG ဥက္ကဋ္ဌတို့ရဲ့ ဖြန့်ချိရေးဌာန ဒုတိယအကြီးအကဲ ရှန်းဟိုင်ရှုံက ဗီဒီယိုလင့်ခ်ကနေ တဆင့် မိန့်ခွန်းပြောခဲ့ပါတယ်။

CMG ဟာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဇာတ်လမ်းတွေအပြင် တရုတ်နိုင်ငံရဲ့ ခေတ်မီတိုးတက်ရေး တွန်းအားတွေကို ဟောပြောဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟန်ကျိချမ်းနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ်တွေ၊ ထိုင်း-တရုတ် သုတေသနစင်တာ ဒါရိုက်တာ အပါအဝင် တာဝန်ရှိသူတွေက အခမ်းအနားမှာ အမှာစကား ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ထိုင်းနိုင်ငံက ဆယ်ကျော်သက်တွေရဲ့ ပန်းချီကားတွေကို “ကျနော့် အမြင်ထဲက ခေတ်မီ တရုတ်နိုင်ငံ” ခေါင်းစဉ်နဲ့ ခင်းကျင်းပြသထား ပါတယ်။

ဒီပွဲကို Thai Channel 5 ၊ Channel 7၊  TNN ၊ အာမာရင် TV ၊ ထိုင်းရတ်သ်နဲ့ Sing Sian Yer Pao Daily News အပါအဝင် ထင်ရှားတဲ့သတင်းဌာနတွေ၊ ပင်မရေစီး ထိုင်းမီဒီယာ အများအပြားတို့ တက်ရောက် သတင်းယူခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013