DVB Logo
Home
မြန်မာသတင်း
မြန်မာက သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ ဆက်လက်ပါဝင်
DVB
·
August 1, 2024
မြန်မာက သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ ဆက်လက်ပါဝင်
Donate to DVB

အခုနှစ် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် ၂ ဆင့်တက်လာပေမဲ့ သ တင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ ဆက်လက်ပါဝင်နေဆဲဖြစ်တယ်လို့ ပြင် သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ အညွှန်းကိန်းအရ သိရပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေနဲ့ ပတ်သက်ပြီး RSF က နှစ်စဉ် ထုတ်ပြန်တာဖြစ်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၇၁ မှာ ရပ်တည်နေကာ အရင်နှစ်ကတော့ အဆင့် ၁၇၃ နေရာမှာ ရှိနေတာပါ။

အဆင့် ၂ ဆင့် တက်လာပေမဲ့လည်း မြန်မာနိုင်ငံဟာ တရုတ်၊ ဘာရိန်း၊ ဗီယက်နမ်၊ တာ့ခ် မင်နစ္စတန်၊ အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရီထရီးယား နိုင်ငံ တွေနဲ့အတူ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံမှာ ပါဝင်နေတာပါ။

သတင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်ဆုံး ၅ နိုင်ငံကတော့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့ ဖြစ်ပါတယ်။

အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ သတင်းထောက်တဦး သတ်ဖြတ်ခံရပြီး စုစုပေါင်း ၆၂ ဦး ဖမ်း ဆီးခံထားရတယ်လို့လည်း RSF က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးမှုက အဆိုးဆုံးအခြေအနေမှာ ရောက်နေပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အမှန်တရားနဲ့ အခြေ အနေမှန်တွေကို တင်ပြနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာရပ်ဖို့ တောင်းဆိုထားသလို သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာမဟုတ်ဘဲ လိုအပ်ချက်တခု ဖြစ်တယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နဲ့ ကမ္ဘာတဝန်းက သတင်းထောက်တွေ၊ သတင်းမီဒီယာအလုပ် လုပ်နေကြသူတွေကို ကာကွယ်ပေးရမယ့် သန္နိဋ္ဌာန် ထပ်မံခိုင်မာအောင် ပါဝင်အကာအကွယ်ပေးဖို့ အစိုးရတွေ၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့ လူထုအခြေပြုအဖွဲ့တွေကို တောင်းဆိုထားတာပါ။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်း ခိုင်မာစေရေး အားပေးထောက်ခံသွားမယ်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ သဘောထားရပ်တည်ချက်တရပ်ကို ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013