DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်ခေါင်းဆောင် အသတ်ခံရအပြီး အစ္စရေး လက်တုံ့ပြန်ခံရမည်ဟု ဟူသီပြော 
DVB
·
August 1, 2024
ဟားမတ်စ်ခေါင်းဆောင် အသတ်ခံရအပြီး အစ္စရေး လက်တုံ့ပြန်ခံရမည်ဟု ဟူသီပြော 
Donate to DVB

ဟားမတ်စ်အကြီးအကဲ အစ္စမေးလ် ဟာနီယာ့ အသတ်ခံရပြီးတဲ့နောက် အစ္စရေးနိုင်ငံဟာ ‘လက်တုံ့ပြန်ခြင်း လှိုင်း’ နဲ့ ရင်ဆိုင်ရမယ်လို့ ဟူသီအရာရှိတဦးက ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ဇူလိုင် ၃၁ ရက်က ပြောလိုက်ပါတယ်။

အစ္စရေးဟာ စေ့စပ်ညှိနှိုင်းမှုတွေကြားမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြားမှာ ကြီးမားတဲ့ အနီရောင်မျဉ်းတွေကို ဖြတ်ကျော်ခဲ့တယ်လို့ ဟူသီမီဒီယာ အာဏာပိုင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ နတ်ဆားအယ်လ်ဒင် အာမာက ပြောပါတယ်။

ဟာနီယာ့ဟာ အီရန်နိုင်ငံထဲမှာ မနက်အစောပိုင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ပါလက်စတိုင်း စစ်သွေးကြွအုပ်စုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အစ္စရေးရဲ့ ဂါဇာစစ်ပွဲကြောင့် လှုပ်ခတ်သွားတဲ့ ဒေသအတွင်း တင်းမာမှု ပိုပြင်းထန်လာမှာနဲ့ လက်ဘနွန်မှာ ပဋိပက္ခတွေ ပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။

နိုင်ငံရဲ့သမ္မတသစ်အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ပြီးတဲ့နောက် နာရီပိုင်း အကြာမှာ ဟာနီယာ့ သေဆုံးတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။

“အာဇာနည် အစ္စမေးလ် ဟာနီယာ့ သေဆုံးခဲ့ရင် ယောက်ျား ၁,၀၀၀ နဲ့ ခေါင်းဆောင် ၁,၀၀၀ မွေးဖွားလာမှာပါ” လို့ ယီမင်မြို့တော် စာနာမှာ ဆင်နွှဲတဲ့ ဟာနီယာ့ အသတ်ခံရမှုကို ရှုတ်ချတဲ့ ကျောင်းသားဆန္ဒပြပွဲအတွင်း ယီမင်ကျောင်းသား အဗ္ဗဒူလာ ဟတ်ဆန်က ပြောပါတယ်။

ဟူသီတွေက အစ္စရေးဆီ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်လွှတ်ခဲ့ပြီး ဂါဇာကမ်းမြောင်ကို အစ္စရေးက ချေမှုန်းမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပင်လယ်နီကနေတဆင့် ကမ္ဘာ့ကုန်သွယ်ရေးကို အနှောင့်အယှက် ပေးခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ ဂါဇာစစ်ပွဲ စတင်ချိန်ကစပြီး တိုက်ခိုက်မှုပေါင်း ၂၀၀ လောက် လုပ်ခဲ့တာပါ။

တိုက်ခိုက်မှု အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အများစုက လူအသေအပျောက် မရှိခဲ့ဘူးလို့ အစ္စရေးက ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013