
သင်တန်းသွားတက်ဖို့ ခရီးထွက်ခဲ့တဲ့ အတိုက်အခံထောက်ခံသူ ၃၆ ဦးကို အိမ်နီးချင်း ကင်ညာနိုင်ငံက ပြန်ပို့ခဲ့ ပြီးတဲ့နောက် ဇူလိုင် ၂၉ ရက်မှာ ယူဂန်ဒါ တရားရုံးက အကြမ်းဖက်ဝါဒနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။
ယူဂန်ဒါနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံပါတီတွေထဲက တခုဖြစ်တဲ့ ဒီမိုကရေစီအတွက် အပြောင်းအလဲဖိုရမ် (FDC) ရဲ့ အဖွဲ့ဝင် ၃၆ ဦးကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
စွဲချက်တွေက အဓိပ္ပာယ်မရှိဘဲ ရယ်စရာ ကောင်းတယ်လို့ သူတို့ရဲ့ရှေ့နေ အဲရက်စ် လက်ခွါဂိုက ကမ်ပါလာမြို့က တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အကျင့်ပျက် ခြစားမှု၊ အခွန်မြင့်မားမှုနဲ့ တခြားမကျေနပ်ချက်တွေအပေါ် ယူဂန်ဒါနဲ့ ကင်ညာနိုင်ငံတို့က လူငယ်တွေက ဆန္ဒပြအပြီးမှာ ခုလို ဖမ်းဆီး တရားစွဲခံရတာပါ။
ခေါင်းဆောင်မှုနဲ့ အုပ်ချုပ်မှု သင်တန်းတက်ဖို့ ဇူလိုင် ၂၃ ရက်က ကင်ညာနိုင်ငံ အနောက်ပိုင်း ခိစုမုမြို့ဆီ သွားခဲ့တဲ့ လူ ၃၆ ဦးကို ကင်ညာ အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ သူတို့ရဲ့ရှေ့နေနဲ့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
Source-Reuters