DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များကို စစ်တပ်နှင့် PNO က လက်နက်ကြီးဖြင့် ပစ်ခတ်မောင်းထုတ်
DVB
·
July 30, 2024
ကရင်နီစစ်ရှောင်များကို စစ်တပ်နှင့် PNO က လက်နက်ကြီးဖြင့် ပစ်ခတ်မောင်းထုတ်
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရောက် ကရင်နီစစ်ရှောင်များကို စစ်တပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မောင်းထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိူင် ပထမပတ်မှာ ကရင်နီစစ်ရှောင်တွေကို နေရပ်အကုန်ပြန်ခိုင်းရာ မပြန်ကြတဲ့အတွက် ဇူလိူင် ဒုတိယပတ်မှာ စစ်တပ်နဲ့ PNO က စစ်ရှောင်စခန်းတွေကို ဦးတည်ပြီး လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခြိမ်းခြောက် မောင်းထုတ်ခဲ့တယ်လို့ပြောပါတယ်။

“PNO တွေလာပြီး ပြန်ခိုင်းတယ်၊ စစ်ရှောင်တွေက သူတို့နေရပ်ဇာတိလည်း မငြိမ်းချမ်းဘူး။ စစ်ရှောင်တွေ မပြန်ကြတော့ ညဘက်ရောက်တော့ စစ်ရှောင်စခန်းကို ဦးတည်ပြီး လက်နက်ကြီး ပစ်လာတယ်၊ အစကစစ်ရှောင်က မရှောင်ဘူး နေနေပေမဲ့ ခုတော့ အကုန်ရှောင်ကြပြီ။ ကံကောင်းကြလို့ လူထိခိုက်တာမရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

သစ်ပင်ကောက်၊ မိုးဦး၊ လွယ်ဖြီ၊ ကုန်းသာစစ်ရှောင်းစခန်းတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မောင်ထုတ်ခံရတာလို့ ဆိုပါတယ်။

စစ်ရှောင်တဦးက “အကုန်လုံးပြောင်းလိုက်ရတယ်။ တယောက်တနေရာဆီ ရောက်ကုန်တယ်။ တချို့ကလည်း ထပ်သွားစရာ နေရာမရှိတော့လို့ တောဘက်ပဲ ပြန်ရှောင်ကြတယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ သစ်ပင်ကောက်မှာ ၇၀၀ ကျော်၊ ကုန်းသာမှာ ၁၀၀၀ ကျော်၊ မိုးဦးမှာ ၃၀၀ ကျော်နဲ့ လွယ်ဖြီမှာ ၂၀၀ နီးပါး ရှိပြီး ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ လွိုင်ကော်တို့ဘက်မှာ စစ်ဘေးရှောင်လာကြတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013