DVB Logo
Home
အားကစား
မာဆေးလ်နှင့် ပထမဆုံးပွဲစဉ်တွင် တောင်ပံကစားသမား ဂရင်းဝုဒ် ဂိုးသွင်း
DVB
·
July 30, 2024
မာဆေးလ်နှင့် ပထမဆုံးပွဲစဉ်တွင် တောင်ပံကစားသမား ဂရင်းဝုဒ် ဂိုးသွင်း
Donate to DVB

အင်္ဂလန်တောင်ပံကစားသမား မေဆန်ဂရင်းဝုဒ်ဟာ အသင်းသစ်မာဆေးလ်နဲ့ ပထမဆုံးပွဲစဉ်မှာပဲ သွင်းဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ မန်ယူကစားသမားဟောင်းဟာ ပြင်သစ်ကလပ် မာဆေးလ်ဆီ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့သူပါ။

ဇူလိုင် ၂၇ ရက်က ယှဉ်ပြိုင် ကစားခဲ့တဲ့  ပါအူအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဂရင်းဝုဒ်က ပထမဆုံးအကြိမ်ပွဲထွက်ကစားခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မန်ယူအသင်းမှာရှိစဉ်က အနေတူချစ်သူအပေါ် အိမ်တွင်း အကြမ်းဖက်မူကြောင့် အမှုရင်ဆိုင်ခဲ့ရလို့ ဝေဖန်ခံနေရပေမဲ့ မာဆေးလ်အသင်းမှာတော့ စိန်ခေါ်မူအသစ်၊ ဘဝအသစ်စတင်သွားရမှာဖြစ်ကြောင်း ဂရင်းဝုဒ်က ပြောပါတယ်။

ဝေဖန်မှုတွေ ရှိတာကို နားလည်လက်ခံပေမဲ့ တုံ့ပြန်သွားမှာမဟုတ်ဘဲ မာဆေးလ်အသင်းကို ကူညီနိုင်ဖို့ပဲ ပစ်မှတ်ထားကြိုးပမ်းမှာဖြစ်ကြောင်း ဂရင်းဝုဒ်က ပြောသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013