DVB Logo
Home
အားကစား
ဘရာဇီးလူငယ်ကြယ်ပွင့် အန်းဒရင့်ကို ရီးရဲလ်မိတ်ဆက်
DVB
·
July 28, 2024
ဘရာဇီးလူငယ်ကြယ်ပွင့် အန်းဒရင့်ကို ရီးရဲလ်မိတ်ဆက်
Donate to DVB

ဘရာဇီးလူငယ်ကြယ်ပွင့် အန်းဒရင့်ရဲ့ မိတ်ဆက်ပွဲကို ရီးရဲလ်မက်ဒရစ်ပရိသတ် ၄၀၀၀၀ ကျော် တက်ရောက် အားပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးလက်ရွေးစင်အသင်းက အသက် ၁၈ နှစ်ရှိ တိုက်စစ်ကစားသမား အန်းဒရင့်ကို  ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကြိုတင်ခေါ်ယူထားခဲ့တာပါ။

ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ ရီးရဲလ်ကစားသမားသစ် ဖြစ်လာတဲ့ အန်းဒရင့်က ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီး ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့အသင်းဆီ ပြောင်းရွှေ့ခွင့်ရလို့ အလွန်ပျော်ရွှင်မိကြောင်း ပြောပါတယ်။

ကျောနံပါတ် ၁၆ ၀တ်ဆင်မှာဖြစ်ပြီး  ပရိသတ်တွေ ဒီလောက်အထိ တက်ရောက်အားပေးကြမယ်လို့ မျှော်လင့်မထားကြောင်း အန်းဒရင့်က ပြောသွားပါတယ်။

ဘရာဇီးကလပ် ပါးမီးယားရက်စ်ကနေ ပေါ်ထွက်လာသူဖြစ်ပြီး ဘရာဇီးအသင်းကြီးအတွက် စုစုပေါင်း ၁၀ ပွဲမှာ ၃ ဂိုးသွင်းယူထားပါတယ်။

မက်ဒရစ်အသင်းဟာ အန်းဒရစ်အတွက် ကနဦးပေါင်သန်း ၃၀ လောက် ပေးချရမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပေါင်သန်း ၅၀ အထိ ပေးချေရမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013