DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲစောင့်ကြည့်သူများ လိုက်ပါသည့် လေယာဉ်ကို ဗင်နီဇွဲလား တားဆီး
DVB
·
July 28, 2024
ရွေးကောက်ပွဲစောင့်ကြည့်သူများ လိုက်ပါသည့် လေယာဉ်ကို ဗင်နီဇွဲလား တားဆီး
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှာ ဇူလိုင် ၂၈ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို စောင့်ကြည့်ဖို့  ဗင်နီဇွဲလားနိုင်ငံကို သွားရောက်ကြမယ့် လက်တင်အမေရိကသမ္မတဟောင်းတွေကို တင်ဆောင်ထားတဲ့  လေယာဉ်တစင်းကို ဗင်နီဇွဲလား အာဏာပိုင်တွေက တားဆီးပိတ်ပင်ထားတယ်လို့  မက္ကဆီကို သမ္မတဟောင်း ဗင်ဆင့်တေး ဖှောက်စ်က ပြောပါတယ်။

ဒီအာဏာရှင် နီကိုးလပ်စ်မာဒူရိုဟာ ကရာကာ့စ်နဲ့ဗင်နီဇွဲလားကို သွားမယ့် ကိုပါလေကြောင်း ပျံသန်းမှုအားလုံးကို ဒေါသတကြီးနဲ့ ဆိုင်းငံ့လိုက်တာကြောင့် စိတ်မကောင်းဖြစ်ပြီး ရင်ပူနေရပြီလို့  သမ္မတဟောင်းဖှောက်စ် လူမှုကွန်ရက်မှာ ပြောပါတယ်။ 

လေယာဉ်ပေါ်မှာ ပူအိုက်နေပေမဲ့လည်း ဗင်နီဇွဲလားနိုင်ငံတော်သီချင်းကို ထပ်ခါထပ်ခါ ဆိုနေကြသံတွေကို ကြားနေရပြီး အဲဒါဟာ လေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြသူတွေနဲ့  လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို မြတ်နိုးသူတွေအားလုံးရဲ့ အသံတွေပါလို့လည်း သမ္မတဟောင်း ဖှောက်စ် က ပြောပါတယ်။ 

ကာရာကာ့စ်ကို ပျံသန်းခွင့် ငြင်းပယ်ခံရချိန်မှာ ကိုပါလေကြောင်းလိုင်း လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ ခရီးသည်တွေထဲမှာ လက်တင်အမေရိက ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ သမ္မတဟောင်း ဖှောက်စ်အပြင်  ပနားမား သမ္မတဟောင်း မီရေးယား မော့စ်ကိုဆို ၊ ကိုစ်တာရီကာ သမ္မတဟောင်း မိဂ်လန်းဂဲလ် ရိုဒရိဂတ်စ်နဲ့ ဘိုလစ်ဗီးယား သမ္မတဟောင်း ဟော်ရ်ဟဲ ကီရော့ဂါ တို့လည်း လိုက်ပါလာတာပါ။ 

ဗင်နီဇွဲလားနိုင်ငံပိုင် လေပိုက်နက်အာဏာပိုင်အဖွဲ့နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးတို့ကတော့ ဒီပြောဆိုချက်ဟာ မှားယွင်းကြောင်း ပြောကြားခဲ့ပြီးတော့ ဗင်နီဇွဲလားလေပိုင်နက်ထဲမှာ ပျံသန်းပြေးဆွဲနေတဲ့  ကိုပါလေကြောင်းလိုင်းရဲ့ ဓာတ်ပုံတွေကို လေယာဉ်ခြေရာခံဝက်ဘ်ဆိုက် ဖြစ်တဲ့ ဖလိုက်ရေဒါမှာ တင်ခဲ့ပါတယ်။ 

လေကြောင်းခရီးစဉ်တွေကို သောကြာနေ့နှောင်းပိုင်းမှာ ပြန်လည်စတင်ခဲ့ကြောင်း ပနားမား နိုင်ငံခြားရေးဝန်ကြီး ဟာဗီးယား မာတီနက်ဇ်အချာက  ပြောကြားခဲ့ပါတယ်။ 

ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကိုပါလေကြောင်းလိုင်းတို့ကတော့ မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013