DVB Logo
Home
နိုင်ငံတကာ
စီးပွားရေး မကောင်းသော်လည်း တရုတ်စက်မှုဇုန်၏ ဇွန်လအမြတ်ငွေ တိုးတက်မှု မြန်
DVB
·
July 27, 2024
စီးပွားရေး မကောင်းသော်လည်း တရုတ်စက်မှုဇုန်၏ ဇွန်လအမြတ်ငွေ တိုးတက်မှု မြန်
Donate to DVB

တရုတ်စက်မှုဇုန် အမြတ်ရရှိမှုဟာ ဇွန်လမှာ လျှင်မြန်စွာ တိုးတက်လာတယ်လို့ အချက်အလက် တွေနဲ့ စနေနေ့က ဖော်ပြပါတယ်။ 

မေလက ၀ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ပြီးခဲ့တဲ့လကလည်း အမြတ်ငွေတိုးတက်ခဲ့တာက တနှစ်ထက် တနှစ် ၃ ဒသမ ၆ ရာခိုင်နှုန်း အမြတ်ငွေတိုးတက်လာတာလို့ ဖော်ပြပါတယ်။ 

ဇန်နဝါရီကနေ မေလအထိ ၃ ဒသမ ၄ ရာခိုင်နှုန်းတိုး တက်ခဲ့ပြီး ပထမနှစ်ဝက်အမြတ်ငွေ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အမျိုးသားဗြူရိုအချက်အလက်(NBS) က အချက်အလက်တွေနဲ့ ဖော်ပြပါတယ်။ 

NBS က “စက်မှုဇုန်ထုတ်လုပ်မှုတွေ တိုးတက်လာတာနဲ့ စပ်ဆက်ပြီး ဒုတိယ ၃ လပတ်မှာ အမြတ်ငွေ တိုးလာတာပါ။ ဒါဟာ ဘဏ္ဉာရေးပူးပေါင်းဆောင်ရွက်မှု ပြန်လည်တည်ငြိမ်လာမှု ဖြစ်ပါတယ်” လို့ ပြောပါတယ်။ 

ဒီအချက်အလက်တွေက စီးပွားရေးနှေးကွေးမှုနဲ့ ဆန့်ကျင်ဖက်တွေဖြစ်နေပါတယ်။

NBS ရဲ့ ဒေတာတွေအရ နိုင်ငံခြားလုပ်ငန်းတွေကနေ ၁၁ ရာခိုင်နှုန်း စံချိန်တင် အကျိုးအမြတ် ရခဲ့ပြီး ပုဂ္ဂလိကကဏ္ဏက အမြတ် ၅ ဒသမ ၈ ရာခိုင်နှုန်း ရခဲ့ပြီး ပြည်နယ်ပိုင်လုပ်ငန်းတွေရဲ့ အမြတ်က ပထမနှစ်ဝက်မှာတင် အမြတ် ၀ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့‌ ဖော်ပြပါတယ်။ 

စက်မှုဇုန်တွေက ရတဲ့ နှစ်စဉ်ဘဏ္ဏာ ငွေဟာ အနည်းဆုံး ဒေါ်လာ ၂ ဒသမ ၇၅ သန်းရှိပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013