DVB Logo
Home
နိုင်ငံတကာ
ဂေမီမုန်တိုင်းကြောင့် တရုတ်အရှေ့ပိုင်း၌ လူ ၃၀၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရ
DVB
·
July 27, 2024
ဂေမီမုန်တိုင်းကြောင့် တရုတ်အရှေ့ပိုင်း၌ လူ ၃၀၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရ
Donate to DVB

ဂေမ်တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၃၀၀,၀၀၀ နီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ပြည်တွင်းခရီးသွားဝန်ဆောင်မှုတွေလည်း တရုတ်အရှေ့ပိုင်းမှာ ရပ်ဆိုင်းခဲ့ရပါတယ်။

ဂေမီမုန်တိုင်းဟာ ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့ကို ဖြတ်ပြီးနောက် တရုတ်နိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ 

ဂေမီမုန်တိုင်းက မိုးသည်းထန်စေပြီး ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ 

ဖူဂျီအန်ဒေသက လူပေါင်း ၂၉၀,၀၀၀ ကျော်ကိုလည်း ရွှေ့ပြောင်းခဲ့ပြီး ပြည်သူသယ်ယူပို့ဆောင်ရေး၊ ရုံးတွေ၊ ကျောင်းတွေနဲ့ ဈေးတွေလည်း ပိတ်ထားတာခဲ့ပါတယ်။ 

ဇီဂျန်းဒေသမှာတော့ CCTV ရုပ်သံရဲ့ ထုတ်လွှင့်မှုတွေအရ လမ်းတွေပေါ်မှာ မြစ်ရေလျံမှုတွေဖြစ်ပြီး သစ်ပင်တွေလည်း လမ်းတွေပေါ်မှာ ပြန့်ကျဲနေကာစက်ဘီးစီးသူတွေလည်း ဒူးအထိမြှုပ်တဲ့ရေထဲမှာ ခက်ခက်ခဲခဲသွားလာ ရတယ်လို့ ဖော်ပြပါတယ်။ 

ဝမ်ဇူးမြို့မှာတော့ မိုးမုန်တိုင်းတွေကြောင့် လူပေါင်း ၇,၀၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ CCTV က ဖော်ပြပါတယ်။ 

တိုင်ဖွန်းမုန်တိုင်းဟာ ဂျင်ဇီနဲ့ ဟီနန်တို့ကိုလည်း မိုးသည်းထန်မှုတွေ ဖြစ်စေတယ်လို့ မီဒီယာတွေက ဆိုပါတယ်။ 

ဂေမီကြောင့် ထိုင်ဝမ်မှာ လူ ၅ ဦးသေဆုံးခဲ့ပြီး နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့လည်း ရေလွှမ်းမိုးခဲ့ကာ ၈ နှစ်အတွင်း ထိုင်ဝမ်အတွက် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့ပါတယ်။

ဂေမီမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူ ၃၀ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

တရုတ်နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာနေပေမဲ့ မြောက်ပိုင်းမှာတော့ နွေရာသီ အပူဒဏ်ကို ကာလရှည်ရင်ဆိုင်နေရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013