DVB Logo
Home
အားကစား
ကစားသမားသစ်ထပ်ခေါ်ယူရန် မစဉ်းစားသေးဟု  လီဗာပူးနည်းပြပြော   
DVB
·
July 26, 2024
ကစားသမားသစ်ထပ်ခေါ်ယူရန် မစဉ်းစားသေးဟု  လီဗာပူးနည်းပြပြော   
Donate to DVB

အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူခြင်းမရှိသေးတဲ့အပေါ် လီဗာပူးနည်းပြ အမ်းစလော့က ပြန်လည်တုံ့ပြန်သွားပါတယ်။

အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ယူ အသင်းတွေက ကစားသမားသစ်တချို့ခေါ်ယူနေချိန်မှာ လီဗာပူးအသင်းက ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသေးတာပါ။

နည်းပြအမ်းစလော့ကတော့ လီဗာပူးအသင်းဟာ ကောင်းမွန်နေပြီးသားအသင်းဖြစ်သလို ကစားသမားတွေအားလုံး ပြန်လည်ပူးပေါင်းနိုင်ခြင်း မရှိသေးတာကြောင့် ကစားသမားသစ် ခေါ်ယူဖို့ မစဉ်းစားသေးတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသင်းအားကစားဒါရိုက်တန် ရစ်ချက်ဟာလည်း အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူဖို့ အပြင်းအထန် လုပ်ဆောင်နေကြောင်း နည်းပြအမ်းစလော့က ပြောသွားပါတယ်။ 

Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013