DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် စစ်သင်တန်းတက်သူများကိုထောက်ပံ့ရန် တအိမ် ၃၀၀၀၀ နှုန်း အဓမ္မငွေကောက်ခံ 
DVB
·
July 24, 2024
ငပုတောတွင် စစ်သင်တန်းတက်သူများကိုထောက်ပံ့ရန် တအိမ် ၃၀၀၀၀ နှုန်း အဓမ္မငွေကောက်ခံ 
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က ကျေးရွာတွေမှာ ပြည်သူ့ စစ်မှုထမ်း သင်တန်းတက်ရောက်ဖို့ ရွေးချယ်ထားသူတွေ အတွက်ဆိုပြီး စစ်ကောင်ခန့် အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီက ငွေကြေးလိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ငပုတောမြို့နယ် ကမ်းနီ၊ တမန်ချောင်း၊ ဟင်းအိုးချောင်း၊ ကွင်း ချောင်းစတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေဆီကနေ စစ်မှုထမ်း အမှတ်စဉ် ၃ သင်တန်းတက်ရမယ့်သူတွေအတွက် ကျေးရွာတွေမှာ ထောက်ပံ့ကြေး တအိမ် ၃၀၀၀၀ အထိ ကောက်ခံနေ တာလို့ ဆိုပါတယ်။ 

''အုပ်ချုပ်ရေးမှူးတွေက မောက်မောက်မာမာကို ပြောပြီး ပိုက်ဆံ တောင်းတာ။ မပေးရင် ကိုယ့်သားသမီးတွေ စစ်မှုထမ်းစာရင်းထဲပါသွားနိုင်တယ်ပေါ့။ ဒီငွေလေး လောက်ပေးရတာနဲ့ ခင်ဗျားတို့ ဘာဖြစ်သွားမှာလဲ။ ဒီဘက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအမျိုးမျိုးကို ဖိအား ပေးနှိပ်စက်တာကို ခံနေရတာ။ နီးရာဓား ကြောက်နေရတော့ ပေးရတာပဲ” လို့ ဒေသခံ တယောက် က ပြောပါတယ်။ 

နောက်ထပ် ကျေးရွာတရွာက ဒေသခံ ၁ ယောက်ကလည်း “တအိမ်ကို ငွေကျပ် ၃၀၀၀၀ အထိ ကောက်ခံနေတာ။ ရွာတွေက အိမ်ခြေ ၂၀၀ နဲ့အထက်ရှိတဲ့ရွာတွေချည်းပဲ။ အုပ်ကြီးက ဦးဆောင်ကောက်တာ။ ကောက်တဲ့ငွေမပေးတဲ့ အိမ်ကို စာရင်းယူပြီး စစ်တပ်ကို တင်ပြလိုက်မယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ မထည့်ရင်ဖမ်းမှာ ကြောက်ရတော့ ထည့်ရတာပဲ” လို့ ပြောပါတယ်။ 

ငပုတောမြို့နယ်ထဲက ကျေးရွာတွေထဲမှာ အမှတ်စဉ် ၃ အတွက် စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဇူလိုင် ၁၅ ရက်က စတင်ကာ အသက် ၁၇ နှစ်ကနေ ၃၅ နှစ်အထိရှိတဲ့ အမျိုးသားတွေကို တရွာ ၃ ယောက်နှုန်းနဲ့ မဲနှိုက်ရွေးချယ်နေတာလို့ သိရပါတယ်။ 

ဒါ့အပြင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတ် ပထမအပတ်လောက်က စတင်ပြီး စစ်မှုထမ်း စာရင်း ကောက်ကြေးတောင်းတာ၊ စစ်မှုထမ်း စာရင်းထဲ မပါဖို့ ငွေကောက်တာ၊ လူစားထိုးကြေး ငွေကောက်တာစတဲ့ ခေါင်းစဉ်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေပါတဲ့ စစ်မှုထမ်းစာရင်း ကောက်အဖွဲ့က ငွေကြေးကောက်ခံနေတာလို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013