DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဥ် ၂ ကို ဇူလိုင်လမကုန်ခင် သင်တန်းဆင်းရန်ပြင်ဆင် 
DVB
·
July 24, 2024
စစ်မှုထမ်းအပတ်စဥ် ၂ ကို ဇူလိုင်လမကုန်ခင် သင်တန်းဆင်းရန်ပြင်ဆင် 
Donate to DVB

စစ်မှုထမ်း အပတ်စဥ် ၂ ကို ဇူလိုင်လမကုန်ခင် သင်တန်းဆင်းဖို့ စစ်ကောင်စီတပ်က သင်တန်းကျောင်းတွေမှာကြို တင်ပြင်ဆင်နေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်းအပတ်စဥ် ၂ ကို ဧပြီလအတွင်းက  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မွန်ပြည်နယ်က သင်တန်းကျောင်းတွေမှာ သင်တန်းပေးခဲ့တာပါ။

စစ်မှုထမ်းကိစ္စနဲ့ နီးစပ်သူတဦးက “ဒီလမကုန်ခင် အပတ်စဥ် ၂ သင်တန်းဆင်းမယ်၊ အပတ်စဥ် ၃ ကလူတွေက သင်တန်းမစရသေးဘူး။ ကျန်းမာရေးစစ်ဆေးတာနဲ့ ယူနီဖောင်းထုတ်ပေးတာပဲ ရှိသေးတာ။ အပတ်စဥ် ၂ သင်တန်းဆင်းပြီးမှ အပတ်စဥ် ၃ ကို သင်တန်းစပေးမှာ။ သူတို့ကို ဘယ်မှာ တာဝန်ချမယ် ဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။

သင်တန်းကျောင်းတွေမှာ နေရာအခက်အခဲရှိလို့  အပတ်စဥ် ၃ ကို သင်တန်းမပေးနိုင်ပေမဲ့ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းက အပတ်စဥ် ၄ အတွက် စာရင်းကောက်ဖို့ ဇူလိုင် ၁၂ ရက်ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်က အပတ်စဥ် ၂ သင်တန်းဆင်းဖို့လုပ်နေပေမဲ့ အပတ်စဥ် ၁ သင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းမှာ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်ပူနေတဲ့ မိသားစုဝင်တွေလည်း ရှိပါတယ်။

တပ်သားသစ်မိသားစုဝင်တဦးက “တိုက်ကြီးမှာ သင်တန်းဆင်းသွားတဲ့ တူလေး ဘယ်ရောက်နေ တယ်ဆိုတာ သင်တန်းကျောင်းကိုသွားမေးတာမရလို့ နေပြည်တော်အထိစာတင်မေးတယ်။ အခု ထိအဖြေမရသေးဘူး" လို့ပြောပါတယ်။

စစ်မှုထမ်းအပတ်စဥ် ၁ ကို ဇွန် ၂၈ ရက်က စစ်အခြေခံသင်တန်းကျောင်း ၅ ကျောင်း၊ တန်းမြင့်သင်တန်းကျောင်း ၁၀ ကျောင်း၊ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းနဲ့ ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်းတွေမှာ သင်တန်းဆင်းခဲ့ တာပါ။

အခုဆိုရင် စစ်မှုထမ်းသင်တန်းဟာ အပတ်စဥ် ၄ အတွက် လူစာရင်းကောက်နေပြီး အပတ်စဥ် ၅ မှာတော့ အမျိုးသမီးတွေပါ စစ်မှုထမ်းရမှာဖြစ် ပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်းမဖြစ်မနေစစ်မှုမထမ်းမနေရဥပဒေကို ပြန်အသက်သွင်းကျင့်သုံးခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်မှာ အပတ်စဥ်  ၁ ကို စပြီးခေါ်ခဲ့တာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013