DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ၆ လအတွင်း စစ်တပ်ကြောင့် ပြည်သူ ၇၂ ဦးသေဆုံး၊ ၁၃၈ ဦးဒဏ်ရာရ
DVB
·
July 23, 2024
မွန်ပြည်နယ်တွင် ၆ လအတွင်း စစ်တပ်ကြောင့် ပြည်သူ ၇၂ ဦးသေဆုံး၊ ၁၃၈ ဦးဒဏ်ရာရ
Donate to DVB

၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၇၂ ယောက် သေဆုံးခဲ့ပြီး ၁၃၈ ယောက် ဒဏ်ရာရရှိခဲ့ကာ ၇၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရာမညဖက်ဒရယ်အင်အားစု(NRFF) တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး မွန်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်တိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်‌မှုတွေဟာ သိသိသာသာ မြင့်တက်လာပါတယ်။

မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေ့ရပြီး စစ်ရေးပြင်းထန်နေတဲ့ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးမြို့နယ်တွေ ဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) တာဝန်ခံ ကိုမင်းသံလွင်က ပြောပါတယ်။

စစ်ကောင်စီတပ်က မွန်ပြည်နယ်မှာ ၂၀၂၄ ပထမ ၆လပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃၉ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၇၆ ကြိမ်ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၈ ခုအပါအဝင် အဆောက်အအုံ ၆၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲရှိတဲ့အချိန်နဲ့ မရှိတဲ့အချိန်တွေမှာပါ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တာဝန်ခံ နိုင်နဂါးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နေ့တိုင်းဆိုးရွားလာနေပြီး အခုလိုလုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီ‌အပေါ် ဖိအားပေးတာ၊ ပိတ်ဆို့ဒဏ်ခတ်တာ၊ လူသားစာနာမှုအကူအညီတွေအား မြေပြင်အဖွဲ့အစည်းတွေကို တိုက်ရိုက်ထောက်ပံ့ တာတွေလုပ်ဖို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) က တိုက်တွန်းတောင်းဆိုထားပါတယ်။

မွန်ပြည်နယ်မှာ ၂၀၂၄ ၆ လပတ်ကာလအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ၁၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျိုက်မရော၊ ကျိုက်ထို နဲ့ ရေးမြို့နယ်တို့မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) အဖွဲ့ရဲ့ ထုတ်ပြန်‌တဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013