DVB Logo
Home
မြန်မာသတင်း
သံတွဲရှိ မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်
DVB
·
July 23, 2024
သံတွဲရှိ မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့အခြေစိုက် မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က ဇူလိုင် ၂၀ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သံတွဲမြို့နယ်မှာ တခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“မောင်ရွှေလေးရေတပ်ကို ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက AA က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာ။ စစ်ကောင်စီတပ်သားတွေ အသေအပျောက်ရှိတယ်လို့ ကြားတယ်။ စစ်ကောင်စီဘက်ကလည်း တပ်အနီးပတ်ဝန်းကျင်တွေကို လေကြောင်းကနေ ပစ်ကူပေးနေတာ ရှိတယ်။ ဒီ မောင်ရွှေလေးတတပ်ပဲ သံတွဲမှာ ရှိတော့တာ။ အဲဒါကြောင့် စစ်ကောင်စီက အပြင်းအထန် ခုခံမယ့်သဘော ရှိတယ်။”

စစ်ကောင်စီက မောင်ရွှေလေးရေတပ် မကျစေဖို့အတွက် ငပလီမြို့ ဂျိတ္တောရပ်ကွက်နဲ့ ဇလွန်ကျေးရွာတွေမှာလည်း ခံတပ်တည်ထားပြီးတော့ အဲဒီနေရာတွေကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ကြည်းတပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ ၅၆၆၊ ခလရ ၅၅၊ စစ်ဗျူဟာအထိုင်ချထားတဲ့ သံတွဲလေဆိပ်နဲ့ သံတွဲမြို့တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး မောင်ရွှေလေးရေတပ်တခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အဲဒီ မောင်ရွှေလေးရေတပ် တိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့အတွက်ကြောင့်လည်း သံတွဲ-သပြုချိုင် ဆက်သွယ်ထားတဲ့ လမ်းက တံတား ၃ စင်းထက်မနည်းကို စစ်ကောင်စီက ဇူလိုင် ၂၀ ရက်မှာ မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီက မြို့နယ်အခြေစိုက် တပ်ရင်း ၂ ရင်းအပြင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ ဧရာဝတီတိုင်းက တပ်ရင်းအချို့၊ ပြည်သူ့စစ်တပ်ရင်းတွေ၊ စစ်သင်္ဘော ၅ စီးအုပ်စု၊ Myanmar Navy SEALS တွေနဲ့ပါ ခုခံပေမဲ့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံနိုင်စွမ်းမရှိဘဲ တပ်ရင်းတွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013