DVB Logo
Home
နိုင်ငံတကာ
IT စနစ်ချို့ယွင်းပြီးနောက် ကမ္ဘာ့ဝန်ဆောင်မှုများ ပြန်လည်ပတ်မှု နှေးကွေးနေ
DVB
·
July 21, 2024
IT စနစ်ချို့ယွင်းပြီးနောက် ကမ္ဘာ့ဝန်ဆောင်မှုများ ပြန်လည်ပတ်မှု နှေးကွေးနေ
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာတဝန်း ကွန်ပျူတာစနစ်တွေ နာရီနဲ့ချီပြီး IT outage ဖြစ်ပွားခဲ့ပြီးနောက် စီးပွားရေးနဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ နှေးကွေးနေပါတယ်။

ဒီအဖြစ်အပျက်ကို စီးပွားရေးလုပ်ငန်း၊ ဘဏ်၊ ဆေးရုံ၊ လေကြောင်းလိုင်းတို့ အဆိုးရွားဆိုး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ခရိုဆော့ဝင်းဒိုးမှာ ဆော့ဝဲလ် အဆင့်မြှင့်တင်မှုမှာ ပြဿနာရှိတယ်လို့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrikeက အတည်ပြုထားပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့လည်း Crowdstrike စီအီးအိုက တောင်းပန်ထားပြီး  ပြန်လည်ပြင်ဆင်မယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ စနစ်တွေအားလုံးကို Back up လုပ်ဖို့နဲ့ ပြန်လည်လည်ပတ်ဖို့ အချိန်ပေးရမယ်လို့ Crowdstrike စီအီးအိုက ဝန်ခံထားပါတယ်။

ဖျက်သိမ်းခဲ့ရတဲ့ လေကြောင်းခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ စတင်နေပြီး တခြား စီးပွားရေးလုပ်ငန်းတွေလည်း လည်ပတ်ဖို့ စတင်နေပြီဖြစ်ပါတယ်။

ဘာလင်၊ အစ္စရေး၊ ဂျာမနီတို့မှာရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလည်း ဒီပြဿနာနဲ့ ကြုံတွေ့ခဲ့ပြီး ခွဲစိတ်မှုတချို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နည်းပညာချို့ယွင်းမှုက ကမ္ဘာကြီးက နည်းပညာတွေရဲ့ အားနည်းချက်တွေအပေါ် စိုးရိမ်စရာ ဖြစ်ပေါ်လာပါတယ်။

ဒီဖြစ်ရပ်ဟာ Window ကွန်ပျူတာစနစ်မှာ CrowdStrike ရဲ့ ဆိုက်ဘာလုံခြုံမှု ဆော့ဝဲအသုံးပြုရာကနေ စတင်တယ်လို့ မိုက်ခရိုဆော့က ဆိုပါတယ်။

ဒီပြဿနာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကနေ သောကြာနေ့မနက်ပိုင်းအထိ ဆက်ဖြစ်နေခဲ့ပြီး သောကြာနေ့ညနေမှာလည်း ကမ္ဘာအနှံ နေရာအများစုမှာ ဖြစ်ပွားခဲ့ပါတယ်။

လေကြောင်းလိုင်း အများစုကတော့ Check-in နဲ့ Payment စနစ်တွေ လုပ်တဲ့နေရာတွေမှာ ကြာမြင့်ခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း လည်ပတ်မှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။

Crowdstrike စီအီးအိုက “ကမ္ဘာနဲ့တဝန်း အခုလို ကြုံတွေ့ခဲ့မှုနဲ့ပတ်သက်လို့ အရမ်းဝမ်းနည်းကြောင်း၊ Window မှာ Content တစ်ခု Update ပြုလုပ်ရမယ်ဆိုတာ တွေ့ရှိပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာ X မှာ ဖော်ပြထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013