DVB Logo
Home
နိုင်ငံတကာ
၃ လအတွင်း Netflix အခပေးကြည့်ရှုသူ ၈ သန်းတိုးလာ
DVB
·
July 19, 2024
၃ လအတွင်း Netflix အခပေးကြည့်ရှုသူ ၈ သန်းတိုးလာ
Donate to DVB

Baby Reindeer ဟာသဇာတ်လမ်းနဲ့ အမေရိကန် ရုပ်သံဇာတ်လမ်း Bridgerton တို့ကြောင့် Netflix ဟာ ကြည့်ရှုသူ ၈ သန်း တိုးလာပါတယ်။

ပြီးခဲ့တဲ့ ၃ လပတ်မှာ ကြည့်ရှုသူ ၈ သန်း တိုးတက်လာခြင်းက Netflix အတွက် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် ကြည့်ရှုသူ ၂၇၇.၇ သန်းအထိ တိုးလာတာဖြစ်ပါတယ်။

အဲဒီ ၃ လပတ်အတွင်း နေရာ ၁၇ ရာခိုင်နှုန်း တိုးတက်လာမှုက Netflix ကို ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိစေပါတယ်။

ဒီလို ဝင်ငွေတိုးလာတာက အခြေခံအားဖြင့် လစဉ်ပေးငွေတွေ တိုးလာတာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီနှစ်အတွင်း Netflix ကို ဗြိတိန်နဲ့ အိန္ဒိယတို့က အဓိက ကြည့်ရှုကြတာ ဖြစ်ပါတယ်။ Netflix ဟာ ကြည့်ရှုသူတွေအတွက် Live လွှင့်မှုနဲ့ လစဉ်ပေးနဲ့ ကြည့်ရှုသူတွေအတွက် ကြော်ငြာပါတဲ့ အစီအစဉ်တွေကိုလည်း ဆက်ပြီးထုတ်လွှင့်ခဲ့ပါတယ်။

Netflix ဟာ ကိုဗစ်ကာလအတွင်း ကြည့်ရှုသူအရေအတွက် တိုးတက်ဖို့ ကြိုးစားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ လစဉ်ကြေးနဲ့ ကြည့်ရှုသူအရေအတွက် စံချိန်တင်ခဲ့ပါတယ်။

အဲဒီနှစ်မှာ ကြည့်ရှုသူ ၃၇ သန်းတိုးလာပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် သန်း ၂၀၀ ကျော်တဲ့အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ လူတွေက ခရီးထွက်ဖို့နဲ့ အစားအသောက်စားတဲ့ နေရာတွေမှာ ငွေအသုံးပြုဖို့ အာရုံစိုက်လာလို့ လစဉ်ကြေးအဖွဲ့ဝင်သစ်တွေ ရရှိမှုနှုန်းလျှော့ကျတာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်အကုန်မှာတော့ Netflix ဟာ ဈေးနှုန်းပိုသက်သာတဲ့ ကမ်းလှမ်းမှုတွေကို စတင်မိတ်ဆက်ခဲ့ပြီး ကြော်ငြာကုမ္ပဏီတွေနဲ့ ပူးပေါင်းတဲ့ အစီအဉ်တွေကို စတင်ခဲ့ပါတယ်။

ခရစ္စမတ်အားလပ်ရက်တွေအတွက် NFL နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ရသလို ကြည့်ရှုသူတွေကို ပိုမိုစွဲဆောင်နိုင်ဖို့ လာမယ့်နှစ်မှာ WWE နပန်းပွဲကို ၁၀ နှစ်စာအတွက် ဒေါ်လာ ၅ ဘီလီယံနဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ Netflix က မေလမှာ ကြေညာထားပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားတဲ့ မိုက်တိုင်ဆန်နဲ့ ဂျိတ်ပေါ်လ်တို့ လက်ဝှေ့ထိုးမယ့်ပွဲလို အစီအစဉ်တွေလည်း Netflix က ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Netflix က ၂၀၂၅ ခုနှစ်မှာ နည်းပညာအစီအစဉ်သစ်တခု အပါအဝင် တက္ကဆက်နဲ့ ပန်ဆယ်လ်ဗေးနီးယားရှိ ဈေး ၂ ခုကို အခြေခံပြီး Netflix House လို လူပါဝင်တင်ဆက်တဲ့ အစီအစဉ်တွေ ချပြသွားမယ်လို့ ကြေညာထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013