DVB Logo
Home
အားကစား
တိုက်စစ်မှူး အူဘာမီယန်း ဆော်ဒီကလပ်သို့ ပြောင်းရွှေ့
DVB
·
July 19, 2024
တိုက်စစ်မှူး အူဘာမီယန်း ဆော်ဒီကလပ်သို့ ပြောင်းရွှေ့
Donate to DVB

အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်းဟာ ဆော်ဒီတန်းတက်အသင်းဖြစ်တဲ့ အယ်ကွက်ဆာကို ဇူလိုင် ၁၈ ရက်က ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက မာဆေးအသင်းအတွက် ၃၄ ပွဲ ကစားခဲ့ကာ ၁၇ ဂိုး သွင်းယူထားပါတယ်။

အူဘာမီယန်းဟာ ပြင်သစ်မှာ ၁ ရာသီကစားပြီး ဆော်ဒီကလပ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အယ်ကွက်ဆာအသင်းဟာ ရီးရဲလ်နောက်ခံလူ ဆန်ချိုနဲ့ ဝုဖ်ဘတ်ဂိုးသမား ကာစတီး တို့ကိုလည်း ခေါ်ယူထားပါတယ်။

အူဘာမီယန်းဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား၊ ဒေါ့မွန်အသင်းနဲ့ ဂျာမန်မလားရရှိခဲ့ဖူးသလို အာဆင်နယ်အသင်းနဲ့လည်း အက်ဖ်အေဖလား ရရှိခဲ့ပါတယ်။

အူဘာမီယန်းဟာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ  အာဆင်အသင်းမှာ ကစားခဲ့ပြီး ဘာစီလိုနာ၊ ချဲလ်ဆီး၊ မာဆေး အသင်းတို့ကို ပြောင်းရွှေ့ခဲ့ကာ ဆော်ဒီလိဂ်မှာ ကစားသမားဘဝ အဆုံးသတ်ဖွယ် ရှိပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013