DVB Logo
Home
နိုင်ငံတကာ
တရုတ် ရေဘေး ဒုတိယအမြင့်ဆုံးအဆင့်တပ်လှန့်
DVB
·
July 18, 2024
တရုတ် ရေဘေး ဒုတိယအမြင့်ဆုံးအဆင့်တပ်လှန့်
Donate to DVB

တရုတ်နိုင်ငံတဝန်း ဒေသအများအပြားမှာ မိုးသည်းနေလို့ ရေကြီးမှုအတွက် အဆင့်လေးဆင့်စနစ်မှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ အဆင့်နှစ် အရေးပေါ်တုံ့ပြန်ချက်ကို အမျိုးသားမိုးလေဝသ အာဏာပိုင်တွေက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဆည်ကြီးဖြစ်တဲ့ ဥမင်သုံးသွယ်ဆည်ရဲ့ အထက်ပိုင်းမှာ မိုးကြီးရေကြီးလို့ လူ ၆ ယောက် သေဆုံးအပြီး ဆည်ကြံ့ခိုင်ရေးအတွက် တပ်လှန့်မှု တိုးမြှင့်ထားရပါတယ်။

ဥမင်သုံးသွယ် ဆည်ကြီးထဲမှာ ဇူလိုင်လအတွင်း အမြင့်ဆုံး ရေအမှတ်အဖြစ် ၁၆၁ ဒသမ ၁ မီတာထိ မြင့်တက်ခဲ့တယ်လို့ ရေအရင်းအမြစ် ဝန်ကြီးဌာနက ထုတ်ဖော်ဝန်ခံလိုက်လို့ ယန်ဇီမြစ်ဝှမ်းတလျှောက် စိန်ခေါ်မှုတွေကို အာဏာပိုင်တွေ ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံအတွင်း ပြည်နယ် ၁၀ ခုက မြစ် ၇၅ စင်းမှာ စိုးရိမ်ရေမှတ်အထက် ရောက်တဲ့အထိ ရေကြီးနေတယ်လို့ အင်္ဂါည ၈ နာရီမှာ ရေအရင်းအမြစ် ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားမှာ တရစပ် မိုးကြီးလို့ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်ချက်တွေကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေရပါတယ်။

အထူးသဖြင့် ဟီနန်၊ ရှန်တုံး၊ ကျန်စုနဲ့ အန်းဟွေ ပြည်နယ်တွေက မြစ်ဝါမြစ်နဲ့ ဟွာဟော့မြစ်တွေရဲ့ တောင်ပိုင်းဒေသတွေမှာ မိုးကြီးနေပြီး မိုးရေချိန် ၂၅၀ မီလီမီတာကို ကျော်လွန်ခဲ့တာပါ။

ဟီနန်ပြည်နယ် နန်ယန်းမြို့ ဒေါင်းဟော့မြစ်ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ အနားကရွာတွေ ရေမြုပ်ကုန်ပါတယ်။

ရှန်တုံးပြည်နယ်က ကယ်ဆယ်ရေးအဖွဲ့ ၇ ဖွဲ့ကို ကျောက်ကျန်း၊ ထိုက်အန်း၊ လင်းယီနဲ့ တခြားမြို့တွေမှာ ရေကြီးမှုတိုက်ဖျက်ရေးအတွက် ပန့်တွေ၊ ရေနှုတ်မြောင်းစနစ် အမြန်ဖော်ဆောင်နိုင်တဲ့ အထူးယာဉ်တွေနဲ့အတူ စေလွှတ်ပေးခဲ့ရပါတယ်။

အမျိုးသားရေကြီးမှုထိန်းချုပ်ရေးနဲ့ မိုးခေါင်မှု လျော့ပါးသက်သာရေး ဌာနချုပ်က ရှန်တုန်းနဲ့ ဟီနန် ပြည်နယ် ၂ ခုလုံးအတွက် အဆင့် ၄ အရေးပေါ်တုံ့ပြန်ရေး တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တနင်္ဂနွေနေ့တည်းက ဟီနန်အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ ဟော့ဘေးမြောက်ပိုင်း၊ ကျန်စု အလယ်ပိုင်းနဲ့ စီချွမ်မြစ်ဝှမ်း အနောက်မြောက်ပိုင်း ဒေသတွေမှာ မိုးသည်းထန်ခဲ့ပါတယ်။

ဟီနန်ပြည်နယ်တောင်ပိုင်း နန်ယန်းမြို့မှာ တနာရီအတွင်း မိုးရေချိန် ၅၀ မီလီမီတာ အပါအဝင် တရက်အတွင်း မိုးရေချိန် ၇၉၇ မီလီမီတာထိ ရွာချခဲ့ပါတယ်။

လာမယ့် ၃ ရက်အတွင်း မြစ်ဝါမြစ်နဲ့ ဟွာဟော့မြစ်တွေရဲ့ တောင်ပိုင်းမှာ မိုးသည်းကြီးမည်းကြီး ရွာဦးမယ်လို့ ဟောကိန်းထုတ်ထားပြီး ဒုတိယအကြိမ် ကပ်ဘေး အလားအလာတွေကို ခန့်မှန်းထားကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013