DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် စစ်မှုထမ်းသူများကို ထောက်ပံ့ရန် အဓမ္မငွေကောက်ခံ
DVB
·
July 18, 2024
နတ်တလင်းတွင် စစ်မှုထမ်းသူများကို ထောက်ပံ့ရန် အဓမ္မငွေကောက်ခံ
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့မှာ စစ်မှုထမ်းပါသွားသူတွေကို ထောက်ပံ့ဖို့ တရပ်ကွက်ကို သိန်း ၃၀ အထိ အပြည့်ရအောင် ကောက်ခံသွားမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲမှာ လိုက်လံကောက်ခံနေတယ်လို့ တာပွန်မြို့နေသူတယောက်က ပြောပါတယ်။

မြောက်ပိုင်းရပ်ကွက်နေသူတယောက်က “ပြီးခဲ့တဲ့ စနေနေ့က ခေါ်သွားတဲ့ ကလေး ၂ ယောက်က ဘယ်ကြီး (ခေါ်) လှမြင့်ဦးနဲ့ ပြည့်စုံတဲ့။ ပြည့်စုံက ၁၇ နှစ်ပဲရှိသေးတာ။ သူတို့ကို တာပွန်ရဲစခန်းအချုပ်ထဲမှာ ၃ ရက် ဖမ်းထားပြီး မှတ်ပုံတင်တွေပါ သိမ်းထားပြီးမှ အခု စစ်ထဲကိုထည့်လိုက်တာ။ ပထမအသုတ်တုန်းက ၅ ယောက်ခေါ်သွားတာ ၂ ယောက်က ထွက်ပြေးသွားတယ်။ ပါသွားတဲ့ ၃ ယောက်ကလည်း အခုထိ အဆက်အသွယ်မရတော့ဘူး။ အိမ်တွေကတော့ သေသွားပြီလို့ကို သတ်မှတ်လိုက်ကြပြီ။ အခုအသုတ်က မြောက်ပိုင်းရပ်ကွက်အလှည့်ဆိုတော့ မြောက်ပိုင်းက အခု ၂ ယောက်ကို ထည့်လိုက်တာ။ အခုထည့်လိုက်ပြီးတော့မှ အိမ်တွေကို ငွေလိုက်ကောက်နေတာ၊ အုပ်ချုပ်ရေးမှူးက သိန်း ၃၀ ပြည့်တဲ့အထိ ကောက်မှာတဲ့၊ အဲဒီကလေးတွေကို ထောက်ပံ့ဖို့တဲ့။ အရင် ၃ ယောက်တောင် ဆက်သွယ်လို့မရတာ၊ အခုလည်း အဲဒီငွေတွေကောက်ပြီး သူပဲကိုင်ထားမယ်ဆိုတော့ ရပ်ကွက်ကလူတွေက လက်မခံနိုင်ပေမဲ့ ကြောက်တော့ ထည့်နေရတာပေါ့” လို့ ပြောပါတယ်။

ရင်းတိုက်ကွင်းရွာမှာလည်း စစ်မှုထမ်းမလိုက်ဖို့အတွက် ငွေကောက်ခံတာတွေ လုပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ညပိုင်းကို အစည်းအဝေးခေါ်တာ၊ အုပ်ကြီးက ရွာထဲက အသက် ၁၈ နှစ်ကနေပြီး ၃၅ နှစ်အထိ ယောကျ်ားလေးတွေကို မဲနှိုက်မလား ပေါ်တာဆွဲခိုင်းရမလားတဲ့၊ ဒါမှမဟုတ်ရင် အဲဒီ ၁၈ ကနေ ၃၅ နှစ်အတွင်းရှိသူတွေက တယောက် ၁ သိန်း ပေးရမယ်တဲ့၊ ၃၅ နှစ်အထက်ရှိတဲ့ အိမ်တွေကတော့ တအိမ်ကို ၃၀,၀၀၀ ကျပ်စီ ပေးရမယ်တဲ့။ အဲဒါတွေကို မြို့နယ်စစ်ကောင်စီကို ပေးရမှာ၊ မထည့်တဲ့သူတွေကိုတော့ တာဝန်မယူဘူးတဲ့။”

ရေမွှေးအုပ်စုကလည်း တအိမ်ကို ၇၀,၀၀၀ ကျပ်နှုန်း ကောက်ထားပြီး လူစားရှာထည့်ဖို့ ကျတော့လည်း လူက ရှာမရဘူး၊ ကောက်ထားတဲ့ငွေတွေ သိန်းပေါင်းများစွာကိုလည်း ရေမွှေးအုပ်စု အုပ်ချုပ်ရေးမှူးက ကိုင်ထားပြီး ရွာသားတွေက ပြန်တောင်းတော့လည်း မရတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

နတ်တလင်းမြို့နယ်က စစ်မှုထမ်းဖို့အတွက် အခုအခေါက်ကို လူ ၃၀ ပေးရမှာဖြစ်ပြီး ရွာတွေမှာရှိတဲ့ လူငယ်အများစုက ထိုင်းနဲ့ တရုတ်နိုင်ငံတွေဘက်မှာ အလုပ်သွားလုပ်နေကြတာ၊ အဖမ်းခံရမှာစိုးလို့ ထွက်ပြေးနေကြတာ၊ စစ်မှုထမ်းဖို့ လိုက်ရမှာစိုးလို့ တိမ်းရှောင်နေကြတာတွေကြောင့် လူငယ်တွေမရှိကြတော့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013