DVB Logo
Home
နိုင်ငံတကာ
သမ္မတ ဘိုင်ဒင် ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
July 18, 2024
သမ္မတ ဘိုင်ဒင် ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ လာ့စ်ဗီးဂက်စ်ကို သွားနေတဲ့ခရီးစဉ်မှာ ကိုဗစ်-၁၉ အပျော့စားလက္ခဏာ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဇူလိုင် ၁၇ ရက်မှာ ခရီးစဉ်ကို ဖြတ်ချပြီး ဒယ်လာဝဲကို ကိုယ်တိုင်လော့ဒေါင်းချ နေထိုင်ဖို့ ပြန်လာခဲ့ပါတယ်။

ဘိုင်ဒင်ဟာ Air Force One လေယာဉ်ပေါ်ကို မတက်ခင်မှာ မီဒီယာတွေဘက်ကို လှည့်ပြီး သူ အဆင်ပြေကြောင်း အဓိပ္ပာယ်နဲ့ လက်မထောင်ပြခဲ့ပါတယ်။

လက်တင်အရပ်ဘက်အခွင့်အရေးအဖွဲ့အစည်း အူနီဒေါ့စ် ယူအက်စ်ရဲ့ ဥက္ကဋ္ဌက ဘိုင်ဒင်ဟာ ရောဂါရှာဖွေတွေ့ရှိမှုကြောင့် စီစဉ်ထားတဲ့ပွဲတခုမှာ စကားပြောနိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာ အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရင်းန် ယွန်ဖျယ်ရ်က အသက် ၈၁ နှစ်အရွယ် သမ္မတအတွက် ကိုဗစ်ကူးစက်ခံရကြောင်း တွေ့ရှိချက်ကို အတည်ပြု ကြေညာခဲ့ပါတယ်။

သမ္မတကြီးကို ကာကွယ်ဆေးနဲ့ ကိုယ်ခံအားမြှင့်ဆေးတို့ ထိုးပေးထားပြီး ရောဂါအပျော့စားပဲ ဖြစ်တာပါလို့ ယွန်ဖျယ်ရ်က ပြောကြားခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်ကို ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကနေ ထွက်လိုက်ဖို့ သူ့လက်အောက်ငယ်သားတချို့က ဝေဖန်ပြောဆိုနေကြချိန်လည်း ဖြစ်ပါတယ်။

ဘိုင်ဒင်ဟာ ပြန်လည်ရွေးကောက်ခံဖို့အတွက် အသက်ကြီးလွန်းနေပြီလို့ စိုးရိမ်ပူပန်နေကြပြီး သူ့နေရာမှာ တခြားကိုယ်စားလှယ်လောင်းတယောက်ကို နေရာဖယ်ပေးစေချင်ကြတာပါ။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013