DVB Logo
Home
Lead Story
အမေရိကန်သမိုင်းထဲက လုပ်ကြံမှုကြီးများ
DVB
·
July 18, 2024
အမေရိကန်သမိုင်းထဲက လုပ်ကြံမှုကြီးများ
Donate to DVB

အမေရိကန်သမ္မတဟောင်းနဲ့ လက်ရှိရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ဇူလိုင် ၁၃ ရက်နေ့က မဲဆွယ်ဟောပြောပွဲ ပြုလုပ်နေစဉ်မှာ သေနတ်သမားရဲ့ လုပ်ကြံမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အသက် ၂၀ အရွယ် သေနတ်သမား သောမတ်စ်မက်သယူးခရွတ်ခ်စ်ရဲ့ ပစ်ခတ်မှုကြောင့် ထရမ့်ပ်ရဲ့ ညာဘက်နားကို ကျည်တတောင့် ဖောက်ထွက်သွားခဲ့ပါတယ်။

ဟောပြောပွဲတက်ရောက်တဲ့ ပရိသတ်တဦးသေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ မဲဆွယ်ပွဲနဲ့ ဒီလောက်နီးတဲ့ ခေါင်မိုးပေါ်ကနေ သေနတ်နဲ့ တက်ပစ်တာကို မဟန့်တားနိုင်တဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေလည်း ဝေဖန်ခံနေရပါတယ်။

ဒီဖြစ်စဉ်ကြောင့် အမေရိကန်သမိုင်းမှာ ဒီဘက်ခေတ်  သိပ်မမြင်ရ၊ မကြားရတော့တဲ့ လုပ်ကြံမှုကြီးတွေအကြောင်း ပြန်အမှတ်ရစရာ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်သမိုင်းမှာ လုပ်ကြခံရပြီး သေဆုံးခဲ့တဲ့ သမ္မတက ၄ ယောက်တောင်ရှိခဲ့ပါတယ်။

အခုချိန်ထိ အမှတ်ရနေကြဆဲဖြစ်တာကတော့ ၁၉၆၃ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မှာ သမ္မတယာဉ်တန်း အမိုးဖွင့်ကားနဲ့ သွားလာနေစဉ် လီးဟာဗေးအော့စ်ဝဲလ်က ပစ်ခတ်လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး လုပ်ကြံခံရသူကတော့ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တဲ့ သမ္မတ အေဘရာဟင်လင်ကွန်း ဖြစ်ပြီး ၁၈၆၅ ခုနှစ်က လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။ ဝါရှင်တန်က ဖို့ဒ် ပြဇာတ်ရုံမှာ ဂျွန်ဝိုက်ခ်စ် ဘုသ်ရဲ့ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်တယောက်ကတော့ ဂျိမ်းစ်ဂါဖီးဖြစ်ပြီး ၁၈၈၁ ခုနှစ်က ဝါရှင်တန်က ဘူတာရုံတခုမှာ လုပ်ကြံခံခဲ့ရပြီး ဒဏ်ရာကြောင့် ၂ လခွဲအကြာမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

တတိယမြောက်တဦးကတော့ ဝီလျံမက်ကင်းလေး ဖြစ်ပြီး ၁၉၀၁ ခုနှစ်မှာ နယူးယောက်၊ ဘက်ဖဲလ်လိုးမှာ မင်းမဲ့ဝါဒီတဦးရဲ့ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

လုပ်ကြံခံရပေမဲ့ အသက်မသေဘဲ လွတ်သွားတာတဲ့ သမ္မတကတော့  ၃ ယောက်ရှိပါတယ်။

ရော်နယ်ရေဂင်ဟာ ၁၉၈၁ ခုနှစ်က ဝါရှင်တန်က ဟီလ်တန်ဟိုတယ်ရှေ့မှာ အပစ်ခံရပေမဲ့ အသက်ရှင်ခဲ့ပါတယ်။  ကျည်ဆန်တတောင့်က စီးတော်ယာဉ်ကိုထိပြီး ဘယ်ဘက်ချိုင်းအောက်ကို လာမှန်ခဲ့ပါတယ်။

သမ္မတဂျရယ်ဖို့ဒ်ကတော့ ၁၉၇၅ ခုနှစ်က သီတင်း ၃ ပတ်အတွင်း လုပ်ကြံဖို့ ကြိုးစားမှု ၂ ခုကြုံခဲ့ရပေမဲ့ အသက်ဘေးက လွတ်ခဲ့ပါတယ်။

သမ္မတ သီအိုဒိုရုစဗဲ့ကတော့ ၁၉၁၂ ခုနှစ်က မီလာဝေါကီးမှာ ရွေးကောက်ပွဲ မဲဆွယ်ချိန် ပစ်ခတ်ခံခဲ့ရပြီး ရင်ဘတ်ကို ထိမှန်ခဲ့ပေမဲ့ အသက်ရှင်ခဲ့ပါတယ်။

တခြားထင်ရှားတဲ့ လုပ်ကြံမှုတွေထဲမှာ ၁၉၆၈ တုန်းက အမေရိကန်သမ္မတလောင်း  ရောဘတ်ကနေဒီ  လုပ်ကြံခံရမှုလည်း ပါဝင်ပါတယ်။  လုပ်ကြံခံရလို့ ကွယ်လွန်ခဲ့တဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ညီဖြစ်သူ ရောဘတ်ဟာ လော့စ်အင်ဂျလိစ်က အမ်ဘတ်စဒါဟိုတယ်မှာ သေနတ်သမားရဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

အထင်ရှားဆုံး လုပ်ကြံမှုတွေထဲမှာ နောက်ဆုံးဖြစ်ခဲ့တာကတော့ ၁၉၈၂ ခုနှစ်က အလာဘားမား အုပ်ချုပ်ရေးမှူး ဂျော့ချ်ဝေါလေ့စ် ပစ်ခတ်ခံရမှုဖြစ်ပြီး ဒဏ်ရာကြောင့် ခါးအောက်ပိုင်းသေသွားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013